[Zawgyi]

Redmi က တန္ဖိုးနည္း ဖုန္း ေစ်းကြက္မွာ ေရပန္းစားလာမယ့္ Redmi 8A ကို ေၾကညာလိုက္ပါၿပီ။ ၆.၂၂ လက္မ IPS Display , အရြယ္ႀကီး 5,000mAh Battery နဲ႔ စြဲမက္စရာေကာင္းတဲ့ Aura Wave Grip Design အသစ္ေတြက အရင္ႏွစ္ထုတ္ Redmi 7A ထက္ ပိုေကာင္းလာပါတယ္။

Display ရဲ႕ Resolution က မေျပာင္းလဲဘဲ HD+ ကိုပဲသံုးထားပါတယ္။ ဒါေပမယ့္ Waterdrop Notch ပါလာတာက ေခတ္ဆန္လာပါတယ္။ 8MP Selfie Camera ကို Notch မွာ တပ္ဆင္ထားၿပီး Display ကို Gorilla Glass 5 နဲ႔ ကာကြယ္ထားပါတယ္။ တန္ဖိုးနည္း ဖုန္း ျဖစ္တဲ့ အတြက္ အေနာက္ဘက္မွာ 12MP Sony IMX363 Camera ၁ လံုးထဲ ထည့္သြင္းထားၿပီး Dual PD Autofocus ပါပါတယ္။ Face Unlock သာပါၿပီး လက္ေဗြရာ အာရံုခံ ကိရိယာေတာ့ မပါေတာ့ပါဘူး။

Snapdragon 439 Chipset ေမာင္းႏွင္ထားၿပီး Storage နည္းပါးေပမယ့္ microSD Card Slot နဲ႔ အားျဖည့္ထားပါတယ္။ Android 9 Pie အေျချပဳ MIUI 10 သာ ပါလာေပမယ့္ မၾကာခင္မွာ MIUI 11 ရမွာက စိတ္ေက်နပ္စရာပါ။ အရြယ္ႀကီး 5,000mAh Battery နဲ႔အတူ Type-C Port , 18W Fast Charging ပါလာမွာ ျဖစ္ေပမယ့္ ဘူးခြံထဲမွာ 10W Adapter သာ ထည့္ထားပါတယ္။ P2i Rating ေၾကာင့္ ေရစက္ေရေပါက္ေတြကို သိပ္မႈစရာ မလိုပါဘူး။ IR Port , 3.5mm Headphone Jack နဲ႔ Dual SIM Support ေတြ ပါပါတယ္။

အိႏၵိယမွာ Redmi 8A ကို ဒီလ ၃၀ ရက္ေန႔မွာ ေရာင္းေပးမွာပါ။ Sunset Red, Ocean Blue နဲ႔ Midnight Black အေရာင္ေတြ ေရြးခ်ယ္ႏုိင္ပါတယ္။ 2/32GB ကို ရူပီး ၆,၄၉၉ နဲ႔ 3/32GB ကို ရူပီး ၆,၉၉၉ သတ္မွတ္ထားၿပီး ျမန္မာေငြ ၁၃၀,၀၀၀ နဲ႔ ၁၅၀,၀၀၀ ေလာက္က်သင့္မွာပါ။

Ref : gsmarena

[Unicode]

၁ သိန်းစွန်းစွန်းပဲရှိတဲ့ Redmi 8A ကို ကြေညာလိုက်ပြီ

Redmi က တန်ဖိုးနည်း ဖုန်း ဈေးကွက်မှာ ရေပန်းစားလာမယ့် Redmi 8A ကို ကြေညာလိုက်ပါပြီ။ ၆.၂၂ လက်မ IPS Display , အရွယ်ကြီး 5,000mAh Battery နဲ့ စွဲမက်စရာကောင်းတဲ့ Aura Wave Grip Design အသစ်တွေက အရင်နှစ်ထုတ် Redmi 7A ထက် ပိုကောင်းလာပါတယ်။

Display ရဲ့ Resolution က မပြောင်းလဲဘဲ HD+ ကိုပဲသုံးထားပါတယ်။ ဒါပေမယ့် Waterdrop Notch ပါလာတာက ခေတ်ဆန်လာပါတယ်။ 8MP Selfie Camera ကို Notch မှာ တပ်ဆင်ထားပြီး Display ကို Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။ တန်ဖိုးနည်း ဖုန်း ဖြစ်တဲ့ အတွက် အနောက်ဘက်မှာ 12MP Sony IMX363 Camera ၁ လုံးထဲ ထည့်သွင်းထားပြီး Dual PD Autofocus ပါပါတယ်။ Face Unlock သာပါပြီး လက်ဗွေရာ အာရုံခံ ကိရိယာတော့ မပါတော့ပါဘူး။

Snapdragon 439 Chipset မောင်းနှင်ထားပြီး Storage နည်းပါးပေမယ့် microSD Card Slot နဲ့ အားဖြည့်ထားပါတယ်။ Android 9 Pie အခြေပြု MIUI 10 သာ ပါလာပေမယ့် မကြာခင်မှာ MIUI 11 ရမှာက စိတ်ကျေနပ်စရာပါ။ အရွယ်ကြီး 5,000mAh Battery နဲ့အတူ Type-C Port , 18W Fast Charging ပါလာမှာ ဖြစ်ပေမယ့် ဘူးခွံထဲမှာ 10W Adapter သာ ထည့်ထားပါတယ်။ P2i Rating ကြောင့် ရေစက်ရေပေါက်တွေကို သိပ်မှုစရာ မလိုပါဘူး။ IR Port , 3.5mm Headphone Jack နဲ့ Dual SIM Support တွေ ပါပါတယ်။

အိန္ဒိယမှာ Redmi 8A ကို ဒီလ ၃၀ ရက်နေ့မှာ ရောင်းပေးမှာပါ။ Sunset Red, Ocean Blue နဲ့ Midnight Black အရောင်တွေ ရွေးချယ်နိုင်ပါတယ်။ 2/32GB ကို ရူပီး ၆,၄၉၉ နဲ့ 3/32GB ကို ရူပီး ၆,၉၉၉ သတ်မှတ်ထားပြီး မြန်မာငွေ ၁၃၀,၀၀၀ နဲ့ ၁၅၀,၀၀၀ လောက်ကျသင့်မှာပါ။

Ref : gsmarena