ပြီးခဲ့တဲ့ စက်တင်ဘာလက ကြေညာခဲ့တဲ့ တန်ဖိုးနည်း Redmi 8A ရဲ့ မျိုုးဆက်သစ် ဖုန်း ၁ လုံးကို ကြေညာလိုက်ပါတယ်။ Redmi 8A Dual လို့ နာမည်ပေးထားပြီး အနောက်ဘက်မှာ 13MP နဲ့ 2MP Depth ကင်မရာ ၂ လုံး ပါလာပါတယ်။ ဆဲလ်ဖီးကင်မရာက 8MP ဖြစ်ပြီး Portrait Mode ပါပါတယ်။ ၆.၂၂ လက်မ HD+ LCD မျက်နှာပြင်ကို Gorilla Glass 5 နဲ့ ဖုံးအုပ်ထားပြီး အနောက်ဘက်မှာ လက်နဲ့ ကိုင်ရင် မြဲမြံတဲ့ Aura XGrip Design နဲ့ တည်ဆောက်ထားပါတယ်။ ရေစက်ရေပေါက်တွေကို ခံနိုင်တဲ့ P2i Coating ခံထားတဲ့အတွက် ဖုန်းအပေါ်ကို ရေဖိတ်ကျတာလောက်က ပြဿနာ မရှိပါဘူး။

Redmi 8A Dual မှာ Snapdragon 439 SoC မောင်းနှင်ထားပြီး 512GB microSD Card စိုက်နိုင်ပါတယ်။ 5,000mAh ဘက်ထရီ ပါလာပြီး 18W နဲ့ USB-C Port ကနေ အားသွင်းနိုင်ပါတယ်။ ဒါပေမယ့် ဘူးထဲမှာ 10W Charger ပဲပါပါတယ်။ Reverse Charging ပါတဲ့အတွက် Power Bank လို သုံးနိုင်ပါတယ်။

AI Face Unlock , Wireless FM Radio နဲ့ VoWiFi တွေ ထည့်သွင်းထားပြီး Sky White, Sea Blue နဲ့ Midnight Grey အရောင်တွေ ရွေးချယ်နိုင်ပါတယ်။ 2/32GB ကို ၆,၄၉၉ ရူပီးနဲ့ 3/32GB ကို ၆,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁ သိန်း ၃ သောင်းနဲ့ ၁ သိန်း ၄ သောင်းလောက်ပဲရှိပြီး ၁၈ ရက်နေ့မှာ   ကုမ္ပဏီရဲ့ အွန်လိုင်းစတိုး၊ Amazon.in နဲ့ Mi Home Stores တွေကနေ ရောင်းမှာဖြစ်ပါတယ်။

Ref : gsmarena