အရင်နှစ်ထုတ် Redmi 8A ကို အနည်းငယ် အဆင့်မြှင့်ထားတဲ့ Redmi 8A Dual ကို ဒီနှစ် ဖေဖော်ဝါရီလက ကြေညာခဲ့ပါတယ်။ အဲဒီ ဖုန်း ၂ လုံးရဲ့ အဓိက ကွာခြားချက်က Redmi 8A Dual မှာ အနောက်ကင်မရာ ၂ လုံး ပါလာတာပါ။

Redmi 8A Dual အတွက် 2/32GB နဲ့ 3/32GB Version တွေ ရောင်းချထားပြီး အခုတော့ Redmi India က 3/64GB Version ကို ကြေညာလိုက်ပါတယ်။ Version အသစ်ကို ဒီလ ၁၅ ရက်နေ့မှာ Mi.com ကနေ ၈,၉၉၉ ရူပီးနဲ့ ရောင်းချမှာပါ။ မြန်မာငွေ ၁ သိန်း ၆ သောင်းလောက်ပဲရှိမှာပါ။

ရိုးရိုး Redmi 8A အတွက်လည်း 4/64GB  အပါအဝင် Version ၃ မျိူး ထုတ်ထားပြီး Redmi 8A Dual လိုမျိူး 3/64GB တော့ မပါပါဘူး။ အဲဒီ ဖုန်းမှာ ၆.၂၂ လက်မ HD+ မျက်နှာပြင်နဲ့ အရွယ်သေး Notch ထည့်ထားပါတယ်။ Snapdragon 439 Chipset မောင်းနှင်ထားပြီး microSD Card Slot ပါပါတယ်။

အနောက်ဘက်မှာ 13MP+2MP ကင်မရာ ထည့်သွင်းထားပြီး အရှေ့ဘက်မှာ 8MP ကင်မရာ ပါပါတယ်။ IR Blaster မပါလာဘဲ နားကြပ်ပေါက် ထည့်ထားပါတယ်။ 18W Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ ပါပါတယ်။

Ref : gizmochina