[Zawgyi]

Xiaomi က ဒီႏွစ္ ဇူလိုင္လမွာ တန္ဖိုးနည္း Redmi 7A ကို အိႏၵိယမွာ ေၾကညာခဲ့ပါတယ္။ အခုေတာ့ အဲဒီ ဖုန္းရဲ႕ မ်ိဳးဆက္သစ္ ျဖစ္တဲ့ Redmi 8A ကို မိတ္ဆက္ေတာ့မွာပါ။ ဒီလ ၂၅ ရက္မွာ ကုမၸဏီက အိႏၵိယမွာ ေရာင္းမယ္လို႔ အတည္ျပဳလိုက္ပါတယ္။ ပိုစတာမွာ ဖုန္းရဲ႕ အေရွ႕ဘက္ကို ျပသထားၿပီး Waterdrop Notch ပါပါတယ္။

Xiaomi ရဲ႕ ၀က္ဘ္ဆိုက္မွာ အဲဒီ ဖုန္းအတြက္ ၀က္ဘ္စာမ်က္ႏွာ ၁ ခုကို လႊင့္တင္ထားၿပီး ဖုန္းရဲ႕ လုပ္ေဆာင္ခ်က္ေတြကို ေဖာ္ျပထားပါတယ္။ Redmi 8A မွာ အရြယ္ႀကီး မ်က္ႏွာျပင္ ပါလာႏုိင္ပါတယ္။ ဘက္ထရီကလည္း အရြယ္အစား ႀကီးမားမွာ ျဖစ္ၿပီး လွ်င္ျမန္စြာ အားသြင္းစနစ္ ပါလာမွာပါ။

TENAA မွာ ေဖာ္ျပထားခ်က္အရ Redmi  8A မွာ ၆.၂ လက္မ Display နဲ႔ Waterdrop Notch ပါလာမွာပါ။ 2.0GHz Octa-core Processor ထည့္ထားမွာပါ။ အေနာက္ဘက္မွာ ကင္မရာ ၂ လံုးပါလာမွာ ျဖစ္ၿပီး ပင္မ ကင္မရာက 12MP ျဖစ္ပါတယ္။ လက္ေဗြရာ အာရံုခံ ကိရိယာကိုလည္း အေနာက္ဘက္မွာ တပ္ထားမွာပါ။ ဆဲလ္ဖီး ကင္မရာက 8MP ျဖစ္ပါတယ္။ 2GB + 16GB, 3GB + 32GB နဲ႔ 4GB + 64GB ေတြ ထုတ္လုပ္ထားႏုိင္ပါတယ္။ 512GB အထိ ၀င္ဆန္႔တဲ့ microSD Card စိုက္ႏုိင္မွာပါ။

Redmi 8A မွာ 5,000mAh Battery ထည့္သြင္းထားမွာ ျဖစ္ၿပီး Redmi 7A ရဲ႕ 4,000mAh Battery ထက္ ပိုေကာင္းလာပါတယ္။ Android 9 ေမာင္းႏွင္ထားမွာ ျဖစ္ၿပီး အနက္၊ အနီ၊ အျပာ၊ အျဖဴနဲ႔ ပန္းေရာင္ေတြ ထုတ္လုပ္ထားပါတယ္။ Android 9 Pie အေျချပဳ MIUI 10 ပါလာႏုိင္ပါတယ္။

Ref : gizmochina

[Unicode]

အိန္ဒိယမှာ Redmi 8A ကို စက်တင်ဘာလ ၂၅ ရက်မှာ ရောင်းမည်

Xiaomi က ဒီနှစ် ဇူလိုင်လမှာ တန်ဖိုးနည်း Redmi 7A ကို အိန္ဒိယမှာ ကြေညာခဲ့ပါတယ်။ အခုတော့ အဲဒီ ဖုန်းရဲ့ မျိုးဆက်သစ် ဖြစ်တဲ့ Redmi 8A ကို မိတ်ဆက်တော့မှာပါ။ ဒီလ ၂၅ ရက်မှာ ကုမ္ပဏီက အိန္ဒိယမှာ ရောင်းမယ်လို့ အတည်ပြုလိုက်ပါတယ်။ ပိုစတာမှာ ဖုန်းရဲ့ အရှေ့ဘက်ကို ပြသထားပြီး Waterdrop Notch ပါပါတယ်။

Xiaomi ရဲ့ ဝက်ဘ်ဆိုက်မှာ အဲဒီ ဖုန်းအတွက် ဝက်ဘ်စာမျက်နှာ ၁ ခုကို လွှင့်တင်ထားပြီး ဖုန်းရဲ့ လုပ်ဆောင်ချက်တွေကို ဖော်ပြထားပါတယ်။ Redmi 8A မှာ အရွယ်ကြီး မျက်နှာပြင် ပါလာနိုင်ပါတယ်။ ဘက်ထရီကလည်း အရွယ်အစား ကြီးမားမှာ ဖြစ်ပြီး လျှင်မြန်စွာ အားသွင်းစနစ် ပါလာမှာပါ။

TENAA မှာ ဖော်ပြထားချက်အရ Redmi 8A မှာ ၆.၂ လက်မ Display နဲ့ Waterdrop Notch ပါလာမှာပါ။ 2.0GHz Octa-core Processor ထည့်ထားမှာပါ။ အနောက်ဘက်မှာ ကင်မရာ ၂ လုံးပါလာမှာ ဖြစ်ပြီး ပင်မ ကင်မရာက 12MP ဖြစ်ပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာကိုလည်း အနောက်ဘက်မှာ တပ်ထားမှာပါ။ ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပါတယ်။ 2GB + 16GB, 3GB + 32GB နဲ့ 4GB + 64GB တွေ ထုတ်လုပ်ထားနိုင်ပါတယ်။ 512GB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်မှာပါ။

Redmi 8A မှာ 5,000mAh Battery ထည့်သွင်းထားမှာ ဖြစ်ပြီး Redmi 7A ရဲ့ 4,000mAh Battery ထက် ပိုကောင်းလာပါတယ်။ Android 9 မောင်းနှင်ထားမှာ ဖြစ်ပြီး အနက်၊ အနီ၊ အပြာ၊ အဖြူနဲ့ ပန်းရောင်တွေ ထုတ်လုပ်ထားပါတယ်။ Android 9 Pie အခြေပြု MIUI 10 ပါလာနိုင်ပါတယ်။

Ref : gizmochina