[Zawgyi]

အိႏၵိယဟာ Xiaomi ရဲ႕ အေရးအႀကီးဆံုး ေစ်းကြက္ေတြထဲက ၁ ခု ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ကုမၸဏီရဲ႕ ထုတ္ကုန္ေတြကို တျခား ႏုိင္ငံေတြထက္ ေစာစြာ အိႏၵိယမွာ အရင္ဆံုး ေရာင္းခ်ေလ့ရွိပါတယ္။ ဥပမာ ၁ ခုေပးပါဆိုရင္ Redmi Note 7 Pro ျဖစ္ၿပီး အိႏၵိယမွာ မိတ္ဆက္ပြဲ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ မၾကာခင္ကလည္း တန္ဖိုးနည္း Redmi 8A ကို အဲဒီမွာပဲ ေၾကညာခဲ့ပါတယ္။ အခုေတာ့ Redmi ရဲ႕ အေထြေထြ မန္ေနဂ်ာ Lu Weibing က အဲဒီ ဖုန္းကို တရုတ္မွာ မိတ္ဆက္ေတာ့မယ္လို႔ ၀ီဘိုကေန သတင္းပါးလိုက္ပါတယ္။

စက္တင္ဘာလ ၃၀ ရက္ေန႔မွာ တရုတ္ လူမ်ိဳး ၁ ေယာက္က ေလယာဥ္ ေလွ်ာက္လမ္းမွာ မတ္တပ္ရပ္ၿပီး ဖုန္း အားသြင္းေနတဲ့ အမ်ိဳးသား ၁ ေယာက္ရဲ႕ ဓါတ္ပံုကို ၀ီဘိုမွာ မွ်ေ၀ထားပါတယ္။ ပို႔စ္မွာ လွ်င္ျမန္စြာ အားသြင္းနည္းပညာက စမတ္ဖုန္း ဘက္ထရီ သက္တမ္း တိုးေတာင္းတဲ့ ျပႆနာကို ေျဖရွင္းေပးႏိုင္မလား? လို႔ ေရးသားထားပါတယ္။

Lu Weibing က အဲဒီ ပို႔စ္ကို တုန္႔ျပန္ခဲ့ၿပီး “ လွ်င္ျမန္စြာ အားသြင္း နည္းပညာ ၁ ခုထဲက ဘက္ထရီ သက္တမ္း တုိေတာင္းတာကို မေျဖရွင္းေပးႏိုင္ပါဘူး။ ဘက္ထရီ အရြယ္အစား ႀကီးဖို႔လည္း လိုပါတယ္။ Redmi Note 8 Pro ရဲ႕ 4,500mAh Battery က ဒီျပႆနာကို ေျဖရွင္းႏိုင္ပါတယ္။ ဒီထက္ေကာင္းတဲ့ 5,000mah Battery အသစ္ကိုလည္း မၾကာခင္က မိတ္ဆက္ၿပီးပါၿပီ။ “ လို႔ ေရးသားထားပါတယ္။

Xiaomi က တရုတ္မွာ 5,000mAh Battery ပါတဲ့ ဖုန္းကို မၾကာခင္က ေရာင္းထားတာ မရွိေသးပါဘူး။  အဲဒီအတြက္ သူက မၾကာခင္က အိႏၵိယမွာ ေၾကညာခဲ့တဲ့ Redmi 8A ကို ေျပာတာ ျဖစ္ႏုိင္ပါတယ္။ ဒါ့အျပင္  Redmi 8A မွာ USB-C Port ကေန 18W Fast Charging နဲ႔ အားသြင္းႏိုင္ပါတယ္။ အဲဒီအတြက္ တရုတ္မွာ Redmi 8A ကို ျမင္ရဖို႔ သိပ္မလိုေတာ့ဘူးလို႔ ထင္ပါတယ္။

Ref : gizmochina

[Unicode]

Redmi 8A ကို တရုတ်မှာ မကြာခင် ကြေညာနိုင်

အိန္ဒိယဟာ Xiaomi ရဲ့ အရေးအကြီးဆုံး ဈေးကွက်တွေထဲက ၁ ခု ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကုမ္ပဏီရဲ့ ထုတ်ကုန်တွေကို တခြား နိုင်ငံတွေထက် စောစွာ အိန္ဒိယမှာ အရင်ဆုံး ရောင်းချလေ့ရှိပါတယ်။ ဥပမာ ၁ ခုပေးပါဆိုရင် Redmi Note 7 Pro ဖြစ်ပြီး အိန္ဒိယမှာ မိတ်ဆက်ပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ မကြာခင်ကလည်း တန်ဖိုးနည်း Redmi 8A ကို အဲဒီမှာပဲ ကြေညာခဲ့ပါတယ်။ အခုတော့ Redmi ရဲ့ အထွေထွေ မန်နေဂျာ Lu Weibing က အဲဒီ ဖုန်းကို တရုတ်မှာ မိတ်ဆက်တော့မယ်လို့ ဝီဘိုကနေ သတင်းပါးလိုက်ပါတယ်။

စက်တင်ဘာလ ၃၀ ရက်နေ့မှာ တရုတ် လူမျိုး ၁ ယောက်က လေယာဉ် လျှောက်လမ်းမှာ မတ်တပ်ရပ်ပြီး ဖုန်း အားသွင်းနေတဲ့ အမျိုးသား ၁ ယောက်ရဲ့ ဓါတ်ပုံကို ဝီဘိုမှာ မျှဝေထားပါတယ်။ ပို့စ်မှာ လျှင်မြန်စွာ အားသွင်းနည်းပညာက စမတ်ဖုန်း ဘက်ထရီ သက်တမ်း တိုးတောင်းတဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်မလား? လို့ ရေးသားထားပါတယ်။

Lu Weibing က အဲဒီ ပို့စ်ကို တုန့်ပြန်ခဲ့ပြီး “ လျှင်မြန်စွာ အားသွင်း နည်းပညာ ၁ ခုထဲက ဘက်ထရီ သက်တမ်း တိုတောင်းတာကို မဖြေရှင်းပေးနိုင်ပါဘူး။ ဘက်ထရီ အရွယ်အစား ကြီးဖို့လည်း လိုပါတယ်။ Redmi Note 8 Pro ရဲ့ 4,500mAh Battery က ဒီပြဿနာကို ဖြေရှင်းနိုင်ပါတယ်။ ဒီထက်ကောင်းတဲ့ 5,000mah Battery အသစ်ကိုလည်း မကြာခင်က မိတ်ဆက်ပြီးပါပြီ။ “ လို့ ရေးသားထားပါတယ်။

Xiaomi က တရုတ်မှာ 5,000mAh Battery ပါတဲ့ ဖုန်းကို မကြာခင်က ရောင်းထားတာ မရှိသေးပါဘူး။ အဲဒီအတွက် သူက မကြာခင်က အိန္ဒိယမှာ ကြေညာခဲ့တဲ့ Redmi 8A ကို ပြောတာ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် Redmi 8A မှာ USB-C Port ကနေ 18W Fast Charging နဲ့ အားသွင်းနိုင်ပါတယ်။ အဲဒီအတွက် တရုတ်မှာ Redmi 8A ကို မြင်ရဖို့ သိပ်မလိုတော့ဘူးလို့ ထင်ပါတယ်။

Ref : gizmochina