Redmi 9 Series ရဲ့ Specs တွေ မကြာခင်က ထွက်လာခဲ့ပြီး အခုတော့ Redmi 9 ရဲ့ ပထမဆုံး ဓါတ်ပုံတွေ ထွက်ပေါ်လာပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံးကို ဒေါင်လိုက် တပ်ဆင်ထားပြီး ကင်မရာတွေရဲ့ အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ထည့်သွင်းထားပါတယ်။ ညာဘက်မှာ စတုတ္ထမြောက် ကင်မရာနဲ့ LED Flash တပ်ဆင်ထားပါတယ်။

အဲဒီ ကင်မရာ တပ်ဆင်ထားပုံတွေဟာ Redmi K30 , Redmi K30i တို့နဲ့ ဆင်တူပြီး ကင်မရာတွေကို စက်ဝိုင်းပုံ အကွက်ထဲ ထည့်ထားပါတယ်။ ဒါပေမယ့် ကင်မရာ ၊ Flash နဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားတာက Redmi Note 8 Pro နဲ့ ပိုတူပါတယ်။

ဓါတ်ပုံတွေမှာ Redmi 9 ရဲ့ Teal/Green နဲ့ Violet ၂ ရောင်ကို တွေ့ရပါတယ်။ ဖုန်း ၁ လုံးမှာ ကင်မရာတွေရဲ့ ညာဘက်ခြမ်းမှာ စာသားတွေ ရေးထွင်းထားပါတယ်။ တခြား ဖုန်းတွေမှာတော့ မပါတဲ့အတွက် ဒါဟာ တကယ့် အစစ်အမှန် ဖုန်း ဖြစ်နိုင်ပါတယ်။

ဝီဘိုကနေ ထွက်လာတဲ့ သတင်းတွေအရ Redmi 9 မှာ Helio G80 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး အရင် သတင်းထွက်ထားသလို Mediatek G70 Chipset မပါလာတော့ပါဘူး။ Redmi 9 မှာ ၆.၅၃ လက်မ 1080p မျက်နှာပြင် ထည့်သွင်းထားမှာ ဖြစ်ပြီး အနောက်ဘက်မှာ 13MP, 8MP , 5MP နဲ့ 2MP ကင်မရာတွေ ပါလာမှာ ဖြစ်ပါတယ်။ ဘက်ထရီက 5,000mAh ဖြစ်ပြီး 18W Fast Charging ပါလာမှာပါ။

Ref : gsmarena