Redmi 9 ကို ပြီးခဲ့တဲ့ ရက်ပိုင်းကမှ တရားဝင်မိတ်ဆက်လိုက်တာပါ။ Note 9 Series တွေထက် ဈေးသက်သာတဲ့ Redmi 9 Series ကလည်း လူကြိုက်များတဲ့ Series ပဲ ဖြစ်ပါတယ်။ ဈေးသက်သာတဲ့ အမျိုးအစားဖြစ်တဲ့အတွက် SoC ပိုင်း RAM ပိုင်း၊ Storage ပိုင်းမှာတော့ အများကြီးမျှော်လင့်ထားလို့မရပါဘူး။

Redmi 9 ကိုမိတ်ဆက်တော့ 3GB/32GB နဲ့ 4GB/64GB နှစ်မျိုးပဲ ပါဝင်ပါတယ်။ တရုတ်ပြည်ဈေးကွက်မှာ ပွဲမထုတ်သေးပေမယ့် 6GB of RAM, 128GB Storage နဲ့ တတိယအမျိုးအစားကိုတော့ TENAA မှာတွေ့မြင်နေရပြီ ဖြစ်ပါတယ်။ မကြာခင်အချိန်အတွင်း ဒီ 6GB/128GB အမျိုးအစားကို တရုတ်နိုင်ငံဈေးကွက်ထဲမှာ ရောင်းချမယ်လို့ ခန့်မှန်းရပါတယ်။

Redmi 9 ဟာ 6.53-inch Full HD+ LCD Display အမျိုးအစားဖြစ်ပြီး MediaTek Helio G80 Chipset ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့မျိုးဆက် Redmi 8 ထက် သိသိသာသာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်မှာဖြစ်ပေမယ့် ကုမ္ပဏီကတော့ 6GB/128GB ကိုဖန်တီးပြီး Redmi 9 ကို နောက်တစ်ဆင့် မြှင့်တင်လိုက်တယ်လို့ ဆိုရမှာပါ။

ကျောဘက်မှာ 13MP အဓိက ကင်မရာ+8MP Ultrawide + 5MP Macro + 2MP Depth ကင်မရာလေးလုံးကို တပ်ဆင်ထားပြီး၊ Selfie ကတော့ 8MP ကင်မရာ ဖြစ်ပါတယ်။ 5020mAh ဘက်ထရီကိုတပ်ဆင်ထားပြီး USB-C port နဲ့ 18W အမြန်အားသွင်းစနစ်ကိုထောက်ပံ့ပေးထားပါတယ်။ 3GB/32GB ဟာ (၂ သိန်း ၃ သောင်းဝန်းကျင်) ဖြစ်ပြီး 4GB/64GB က (၂ သိန်း ၈ သောင်းဝန်းကျင်) ဖြစ်တဲ့အတွက် 6GB/128GB ကတော့ ၃ သိန်းနဲ့အထက် ဖြစ်သွားနိုင်ပါတယ်။

Ref: GSM Arena