Xiaomi ကနေ အခုအချိန်မှာ Redmi Note 9 Series အပြင် Redmi 10X Series ဖုန်းတွေကိုပါ မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ အခုလည်း ယခုဇွန်လကုန်ပိုင်းမှာ Redmi 9 Series ဖုန်းတွေဖြစ်တဲ့ Redmi 9A ၊ Redmi 9C နဲ့ Redmi 9 ဖုန်းတွေကို မိတ်ဆက်ဖို့ စီစဥ်နေပါတယ်။

အခုနောက်ဆုံး Leakster တစ်ဦးကနေ သိရှိရတဲ့သတင်းတွေအရတော့ Redmi 9 ဟာ လာမယ့် ဇွန်လ ၂၅ ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ပြီး MediaTek Helio G80 Chipset ကို အသုံးပြုသွားမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Budget ဖုန်းတစ်လုံးအနေနဲ့ကတော့ တော်တော်လေးကိုအဆင်ပြေတဲ့ စွမ်းဆောင်ရည်ရှိလာမှာပါ။

Display အနေနဲ့ကတော့ Redmi 9 စမတ်ဖုန်းမှာ 6.5″ Full HD+ LCD Display ကို Punch-hole Selfie Camera ထည့်သွင်းလာမှာဖြစ်ပါတယ်။ Body ကိုတော့ Polycarbonate ပဲအသုံးပြုထားမှာဖြစ်ပြီး Battery အနေနဲ့ 5000mAh Battery ပါဝင်မှာဖြစ်ပါတယ်။ Budget ဖုန်းဖြစ်နေပေမယ့် 18W Fast Charging ကို Support ပေးနိုင်ဦးမှာပါ။

Back Camera Setup ကိုတော့ 13MP + 8MP + 5MP + 2MP Quad Camera Setup အသုံးပြုထားပြီး 8MP Selfie Camera ပါဝင်မှာလည်းဖြစ်ပါတယ်။ RAM အနေနဲ့ကတော့ 3GB နဲ့ 4GB ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပြီး RAM အပေါ်မှုတည်ပြီး Storage ကလည်း 32GB သို့မဟုတ် 64GB ပါဝင်မှာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၁၀၀ ကနေ ၁၅၀ ဝန်းကျင်ကျသင့်မယ်လို့ ယူဆရပါတယ်။

Ref – Gizmo China