Redmi စမတ်ဖုန်း အသစ် ၁ လုံး အိန္ဒိယမှာ မိတ်ဆက်ဖို့ရှိနေပြီး Redmi 9 Power လို့ နာမည်ပေးထားမယ်လို့ သိရပါတယ်။ ပေါက်ကြားလာတဲ့သတင်းအရ Redmi 9 Power ကို ဒီဇင်ဘာလ ၁၅ ရက်နေ့ ကြေညာမယ်လို့ ဆိုပါတယ်။

Xiaomi Redmi Note 9 4G: Price, specs and best deals

အဲဒီဖုန်းမှာ ပါမယ့် Specs တွေကို သိချင်သူတွေအတွက် သတင်းပေးစရာ ရှိပါတယ်။ အဲဒီဖုန်းဟာ တရုတ်မှာ ပြီးခဲ့တဲ့ ၁ ပတ်က ကြေညာခဲ့တဲ့ Redmi Note 9 4G ကို နာမည်ပြောင်းရောင်းချတာ ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။ Redmi Note 9 4G ဟာလည်း Poco M3 ကို နည်းနည်းပဲ ပြောင်းလဲပြီး ရောင်းချထားတာ ဖြစ်ပါတယ်။ Poco M3 ကို တရုတ်က မိတ်ဆက်ပွဲ မတိုင်ခင် ၂ ရက်အလိုမှာ နိုင်ငံတကာအတွက် မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

Redmi Note 9 4G EEC certified; Global launch could be nearing - Gizmochina

Redmi 9 Power ဟာ Redmi Note 9 4G နဲ့ တူမယ်ဆိုရင်တော့ ၆.၅၃ လက်မ FHD+ LCD မျက်နှာပြင် ၊ Snapdragon 662 Chipset ပါလာမှာ ဖြစ်ပြီး အနည်းဆုံး 4GB RAM နဲ့ 64GB Storage ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ 48MP ပင်မ ကင်မရာနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ ပါလာမှာ ဖြစ်ပြီး Android 10 အခြေပြု MIUI 12 မောင်းနှင်ထားမှာပါ။ အရွယ်အစားကြီးတဲ့ 6,000mAh ဘက်ထရီ ပါလာမှာ ဖြစ်ပြီး 18W Charging ထောက်ပံ့ထားမှာပါ။

ဈေးကတော့ တော်တော်ချိုမယ်လို့ ထင်ရပြီး တရုတ်မှာတော့ Redmi Note 9 4G ကို အိန္ဒိယ ရူပီး ၁၁,၂၈၆ လောက်နဲ့ ရောင်းပေးထားပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၂ သိန်းလောက်ပဲ ရှိနိုင်ပါတယ်။

Ref : gsmarena