Xiaomi ကနေ Redmi 9 Series ဖုန်းတွေကို လာမယ့် ဇွန်လ ၂၅ ရက်နေ့ဝန်းကျင်မှာ မိတ်ဆက်မယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေပါတယ်။ အဆိုပါ Redmi 9 ဖုန်းနဲ့ပတ်သတ်ပြီး ပါဝင်မယ့် Specifications တွေကလည်း တလောတုန်းက ပေါက်ကြားခဲ့သလို အခုလည်း ဖုန်း Packaging ၊ အရောင်နဲ့ စျေးနှုန်းတွေထပ်မံပေါက်ကြားလာခဲ့ပါတယ်။

ဒီလိုမျိုး Redmi 9 ဖုန်းဟာ ရောင်းချဖို့အသင့်ဖြစ်နေပြီဖြစ်တဲ့အတွက် ဖြစ်နိုင်တာကတော့ လာမယ့် ဇွန်လ ၂၅ ရက်နေ့ထက်တောင် စောပြီးမိတ်ဆက်လာဖို့တောင် များနေပါတယ်။ Redmi 9 ဟာ အရောင်တွေအနေနဲ့ Grey ၊ Sunset Purple နဲ့ Green ဆိုပြီး ၃ ရောင်မိတ်ဆက်သွားမှာဖြစ်ပြီးတော့ RAM 3GB + 32GB နဲ့ RAM 4GB + 64GB Version ဆိုပြီး ၂ မျိုး ရွေးချယ်နိုင်မှာပါ။

စျေးနှုန်းအနေနဲ့ကတော့ RAM 3GB + 32GB Version ကို $139.99 (မြန်မာငွေ ၁ သိန်း ၉ သောင်းကျော်နဲ့) နဲ့ RAM 4GB + 64GB Version ကိုတော့ $149.99 (မြန်မာငွေ ၂ သိန်း ၁ သောင်းဝန်းကျင်) နဲ့ရောင်းချသွားမှာဖြစ်ပါတယ်။ ယခုစျေးနှုန်းတွေက Global Version တွေဖြစ်တဲ့အတွက် China Version ဆိုရင်တော့ စျေးပိုပြီးသက်သာလာနိုင်ပါတယ်။

Xiaomi Redmi 9 ဖုန်းဟာ 6.53″ Full HD+ LCD Display ၊ MediaTek Helio G80 Chipset ၊ 13MP + 8MP + 5MP + 2MP ပါဝင်တဲ့ Quad Camera Setup ပါဝင်မှာဖြစ်ပါတယ်။ Battery အနေနဲ့ကတော့ 5000mAh Battery ပါဝင်မှာဖြစ်ပြီး 18W Fast Charging ကိုလည်း Support ပြုလုပ်နိုင်ခြေရှိပါတယ်။

Ref – Gizmo China