Xiaomi ဟာ Redmi 9 စီးရီးကို ဥရောပနဲ့ SEA ဒေသများသို့ မိတ်ဆက်ခဲ့ပြီးဖြစ်ကာ ဒီတစ်ခါတော့ Entry-level စမတ်ဖုန်းသစ်ကို ပြည်တွင်းသို့ ခေါ်ဆောင်လာတော့မှာပါ။

Redmi 9 စီးရီးကို ဇွန်လ ၂၄ ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ကြောင်း ယနေ့မှာ Teaser တစ်ခု တင်လာခဲ့ပြီး တရုတ်ပြည်တွင်း Entry-level ဈေးကွက်ကို ပြောင်းလဲသွားမယ့် ထုတ်ကုန်လို့ ဆိုထားပါတယ်။

Xiaomi ကုမ္ပဏီရဲ့ပြောကြားချက်အရ ယွမ် ၇၀၀ ကနေ ၁၀၀၀ (မြန်မာငွေ တစ်သိန်းသုံးသောင်းကျော်မှ နှစ်သိန်း) ကြား တန်ဖိုးရှိတဲ့ စမတ်ဖုန်းတွေမှာ ကင်မရာနှစ်လုံးခန့်သာ ပါဝင်လေ့ရှိပြီး High-end ဖုန်းတွေမှာသာ ကင်မရာလေးငါးလုံး ပါဝင်တတ်ပါတယ်။

Redmi 9 ကတော့ Depth Sensor နဲ့ Dedicated Macro ကင်မရာတို့ကို ထည့်တွက်ရင် ကင်မရာလေးလုံးထိ ပါဝင်ပါတယ်။ ဒါ့အပြင် 5,020 mAh ဘက္ထရီကြီးနဲ့ 18W အားသွင်းစနစ်လည်း ပါရှိတဲ့ Redmi 9 အတွက် တရုတ်ပြည်တွင်းမှာ ပထမဆုံး Flash Sale ကို ၂၄ ရက်နေ့မှာ တစ်ခါတည်း ကျင်းပသွားမှာပါ။

Ref – GSMArena