Xiaomi Malaysia ရဲ့ Facebook ကနေပြီး Redmi 9A နဲ့ 9C ဖုန်းနှစ်လုံးကို ဇွန်လ ၃၀ မှာ မိတ်ဆက်လာမယ်လို့ ရုတ်တရက်တင်လာခဲ့ပါတယ်။

ဖုန်းနှစ်လုံးစလုံးဟာ အလွန်ဈေးချိုမှာဖြစ်ပြီး “Big Battery, Big Display” လို့ ဆိုထားတဲ့အတွက် ဘာမျှော်လင့်နိုင်မလဲ ဆိုတာ ပေါ်လွင်နေပါပြီ။ Redmi 9A နဲ့ 9C တို့ရဲ့ Specs တွေဟာ အွန်လိုင်းပေါ် ရံဖန်ရံခါ ရောက်ခဲ့ဖူးပြီး ဖုန်းနှစ်ခုလုံးမှာ 6.53” LCD Display နဲ့ 5,000 mAh ဘက္ထရီ တို့ကို တွေ့ခဲ့ရပါတယ်။

Redmi 9A မှာ အဓိက 13MP ကင်မရာတစ်လုံးတည်း ပါဝင်ပြီး LED Flash တစ်ခုနဲ့ တွဲထားတာကို Render ပုံတွေမှာ မြင်ခဲ့ရပါတယ်။

Redmi 9C ကတော့ ဗားရှင်းနှစ်မျိုးထွက်လာမှာဖြစ်ပြီး NFC မပါတဲ့ မော်ဒယ်မှာ 13MP + 5MP + 2MP ကင်မရာသုံးလုံးတွဲနဲ့ NFC ဗားရှင်းက 13MP + 2MP Dual Camera တို့ဖြစ်ပါတယ်။ မနက်ဖြန် မလေးရှားဈေးကွက်မှာ မိတ်ဆက်မယ့် ဗားရှင်းက ဘယ်တစ်ခုဖြစ်မလဲတော့ မသိရသေးပါဘူး။

Ref – GSMArena