Xiaomi ဟာ သူတို့ရဲ့ Redmi 9 စမတ်ဖုန်းသစ်ကို စပိန်၊ မလေးနဲ့ တရုတ်နိုင်ငံတို့လို မတူညီတဲ့ အရပ်ဒေသတွေမှာ မိတ်ဆက်ခဲ့ပြီးပါပြီ။ Redmi 9 စီးရီးထဲမှာ Redmi 9 သာမက Redmi 9A, Redmi 9C, Redmi 9C NFC Edition တို့ပါ ပါဝင်မှာဖြစ်ပါတယ်။

Redmi 9C မော်ဒယ်တွေရဲ့ သတင်းကိုတော့ မကြားရသေးပေမယ့် Redmi 9A ကတော့ နောက်ထပ်မိတ်ဆက်မယ့် အဖွဲ့ဝင်ဖြစ်ဖို့ များနေပါပြီ။ မော်ဒယ်နံပါတ် M2006C3LG နဲ့ ဟန်းဆက်တစ်လုံးဟာ FCC အတည်ပြုချက်ရယူခဲ့ပြီး Redmi 9A လို့ သတင်းထွက်ခဲ့ပါတယ်။ အဆိုပါဟန်းဆက်ဟာ ယနေ့မှာ တရုတ်ပြည်တွင်းက 3C အတည်ပြုချက်ကို ထပ်မံရယူခဲ့ပါပြီ။

3C အတည်ပြုချက်မှာတော့ ဒီဖုန်းဟာ 4G စမတ်ဖုန်းဖြစ်တယ်လို့ ဖော်ပြထားပြီး 10W အားသွင်းကြိုးတစ်ခု ပါဝင်မှာပါ။

ယခင်မျိုးဆက် Redmi 8A တုန်းက 5,000 mAh ဘက္ထရီကြီးနဲ့ အလားတူ 10W အားသွင်းစနစ်ပါဝင်ခဲ့တာပါပဲ။ ဒါပေမယ့် အခုဖုန်းဟာ 18W အထိ အားသွင်းစနစ်ထောက်ပံ့ပေးနိုင်တာကြောင့် 10W Charger နဲ့ရောင်းချသော်လည်း 18W Charger ကို အပိုဝယ်ယူသုံးစွဲနိုင်မယ့် သဘောရှိပါတယ်။

အရင် Leak တွေထဲမှာတော့ Redmi 9A ဖုန်းမှာ 6.53” IPS LCD Display ပါဝင်ပြီး Waterdrop Notch စတိုင်နဲ့လို့ ဆိုထားပါတယ်။ ရှေ့ဘက်မှာ 5MP ဆဲလ်ဖီးကင်မရာအသုံးပြုလာနိုင်ပါတယ်။

Redmi 9A ရဲ့နောက်ဘက်မှာ 13MP အဓိကကင်မရာ ထည့်သွင်းထားမယ်လို့ဆိုပါတယ်။ အတွင်းမှာ Helio G25 ချစ်ပ်ဆက်ကို 3/32GB မန်မိုရီနဲ့ တွဲဖက်လာမှာပါ။ အရင်မျိုးဆက်လို 5,000 mAh ဘက္ထရီပဲ ဆက်မြင်ရနိုင်ပါတယ်။ တန်ဖိုးကတော့ ယူရို ၁၀၀ – ၁၂၀ (မြန်မာငွေ တစ်သိန်းခြောက်သောင်းမှ တစ်သိန်းကိုးသောင်း) ဝန်းကျင်လို့ ယူဆရပါတယ်။

Ref – GizmoChina