Xiaomi ကနေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Redmi 9 စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပြီးတော့ အခုလည်း ပိုပြီးစျေးသက်သာတဲ့ Redmi 9A စမတ်ဖုန်းကို မိတ်ဆက်ဖို့ရှိနေတယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Xiaomi Philippines ကနေ ထုတ်ပြန်ထားတဲ့ Product Brochure ကနေတစ်ဆင့် Redmi 9A စမတ်ဖုန်းနဲ့ ပတ်သက်တဲ့သတင်းအသေးစိတ်ကို တွေ့ရှိခဲ့ရပါတယ်။

အဆိုပါ Product Brochure ဟာ Xiaomi ကနေ Philippines မှာ ဇူလိုင်လကနေ သြဂုတ်လအတွင်းရောင်းချသွားမယ့် စမတ်ဖုန်းတွေကိုဖော်ပြထားတာဖြစ်တဲ့အတွက် Redmi 9A စမတ်ဖုန်းကို နောက်လအတွင်းမှာ ရောင်းချဖို့က သေချာသလောက်ရှိနေပါတယ်။

Specification တွေအနေနဲ့ကတော့ Redmi 9A စမတ်ဖုန်းဟာ HD+ 6.53″ Display ကိုအသုံးပြုလာမှာဖြစ်ပြီး Waterdrop Notch Design နဲ့ပွဲထွက်လာမှာဖြစ်ပါတယ်။ Performance ပိုင်းမှာတော့ MediaTek ကနေ တရားဝင်မမိတ်ဆက်ရသေးတဲ့ Helio G25 Chipset ကို အသုံးပြုထားမှာဖြစ်ပါတယ်။

Camera ပိုင်းအနေနဲ့ကတော့ Single Camera ကိုပဲ 13MP Sensor ထည့်သွင်းထားပြီးတော့ Selife Camera အနေနဲ့လည်း 5MP Sensor ပဲပါဝင်မှာပါ။ အဲ့ဒီအတွက် Camera ပိုင်းကတော့ Budget ဖုန်းအဆင့်ပဲလို့ပြောနိုင်မှာဖြစ်ပြီး Battery အနေနဲ့ကတော့ ကြီးမားတဲ့ 5000mAh Battery ပါဝင်လာမှာပါ။ ဒါပေမယ့်လည်း USB-C နဲ့ Fast Charging တော့ပါဝင်လာနိုင်ခြေမရှိသေးပါဘူး။

ယခုထွက်ရှိလာတဲ့ Design အရတော့ Redmi 9A ဟာပြီးခဲ့တဲ့ Redmi 8A နဲ့ဆင်တူနေပြီးတော့ အခုလိုမျိုး Redmi 9 နဲ့တောင် ကွာခြားချက်များပြားနေတဲ့အတွက် စျေးနှုန်းလည်း သိသိသာသာကိုပိုပြီး သက်သာနိုင်ပါတယ်။

Ref – Gizmo China