Xiaomi ကနေ ယခုအချိန်မှာ Budget ဖုန်းတွေအနေနဲ့ Redmi 9A , Redmi 9 စမတ်ဖုန်းတွေကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ အခုလည်း Redmi 9i နာမည်နဲ့ စမတ်ဖုန်းအသစ်ကို India နိုင်ငံမှာ ထပ်မံမိတ်ဆက်လိုက်ပါတယ်။

အဆိုပါ Redmi 9i စမတ်ဖုန်းဟာ Specification အရတော့ Redmi 9A နဲ့ ပိုပြီးဆင်တူတာကိုတွေ့ရပါတယ်။ အဲ့ဒီအတွက် 6.53″ IPS LCD Display ကိုမှ HD+ Resolution နဲ့ Waterdrop Notch ပါဝင်မှာဖြစ်ပါတယ်။ Performance ပိုင်းမှာလည်း MediaTek Helio G25 Chipset ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။

ဒါပေမယ့် RAM နဲ့ Storage ပိုင်းမှာတော့ Redmi 9A ထက် ပိုကောင်းပြီးတော့ RAM 4GB LPDDR4x အပြင် Storage ကလည်း 64GB ကနေ 128GB အထိ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Software ပိုင်းမှာကတော့ Android 10 ကို အခြေခံထားတဲ့ MIUI 12 ကို အသုံးပြုထားမှာဖြစ်ပါတယ်။

Camera ပိုင်းအနေနဲ့ကတော့ 13MP Back Camera နဲ့ 5MP Front Selfie Camera တွေပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ Battery အနေနဲ့ 5000mAh ပါဝင်မှာဖြစ်ပြီး 10W Charging ကိုပဲ Support ပြုလုပ်မှာပါ။

စျေးနှုန်းတွေအနေနဲ့ကတော့ 64GB Version ကို Rs 8,299 (မြန်မာငွေ ၁ သိန်းခွဲဝန်းကျင်) ၊ 128GB Version ကိုတော့ Rs 9,299 (မြန်မာငွေ ၁ သိန်း ၇ သောင်းဝန်းကျင်) ကျသင့်မှာဖြစ်ပြီး လာမယ့် စက်တင်ဘာလ ၁၈ ရက်နေ့မှာ India နိုင်ငံမှာ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – Gizmo China