Xiaomi က Redmi Buds 4 နဲ့ Buds 4 Pro ကို မေလမှာ ကြေညာခဲ့ပြီး တရုတ်မှာပဲ ရောင်းချပေးထားပါတယ်။ အခုတော့ Amazon UK မှာ စာရင်းတင်ထားပြီ ဖြစ်တဲ့အတွက် ဥရောပ အပါအဝင် တခြားနိုင်ငံတွေမှာ မကြာခင် ရောင်းချတော့မှာ ဖြစ်ပါတယ်။

ရိုးရိုး Redmi Buds 4 ရဲ့ Light Blue နဲ့ White အရောင်တွေကို စတာလင်ပေါင် ၅၀ နဲ့ စာရင်းတင်ထားပြီး မြန်မာငွေ ၁၁၀,၀၀၀ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ Webpage ကို ဖြုတ်ချလိုက်ပြီ ဖြစ်တဲ့အတွက် ရောင်းချဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ထင်ရပါတယ်။ Redmi Buds 4 Pro အတွက် Black နဲ့ White အရောင်တွေကို စတာလင်ပေါင် ၉၀ နဲ့ စာရင်းတင်ထားပြီး မြန်မာငွေ ၂၀၀,၀၀၀ ဝန်းကျင်ကျသင့်မှာ ဖြစ်ပါတယ်။

အဲဒီ နားကြပ် ၂ ခုစလုံးမှာ Active Noise Cancellation (ANC) ပါလာပြီး Pro မှာ 43dB နဲ့ ရိုးရိုးမှာ 35dB အထိ Noise ကို လျှော့ချပေးနိုင်ပါတယ်။ Pro မှာ 10mm Driver နဲ့ 6mm Tweeter ပါတဲ့ Dual-driver ဒီဇိုင်းကို အသုံးပြုထားပြီး Low Latency Mode က 59ms ဖြစ်ပါတယ်။

Redmi Buds 4 နဲ့ Buds 4 Pro ကို ဘယ်နေ့ ရောင်းချမလဲ ဆိုတာ မသိရသေးပါဘူး။ အရင်မျိုးဆက် Redmi Buds 3 Pro ကို စတာလင်ပေါင် ၅၀ နဲ့ ရိုးရိုး မော်ဒယ်ကို စတာလင်ပေါင် ၃၈ နဲ့ ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။ Redmi Buds 4 Series က Redmi Buds 3 Series ထက် စွမ်းဆောင်ရည် ပိုမြင့်လာတာ သေချာပါတယ်။

Ref : gsmarena