Redmi က ပြီးခဲ့တဲ့ ရက်ပိုင်းက Redmibook နဲ့ Redmi X TV တို့ရဲ့ လုပ်ဆောင်ချက်တွေကို မျှဝေခဲ့ပြီး TV မှာ 85% NTSC Color Gamut နဲ့ MEMC (Motion Estimation, Motion Compensation) တွေပါလာမှာ ဖြစ်ပါတယ်။ MEMC က TV အများစုမှာ ထည့်ထားကြသလို မကြာခင်က ကြေညာခဲ့တဲ့ OnePlus 8 Pro လို စမတ်ဖုန်းမှာလည်း ပါလာပါတယ်။ အခုတော့ ကုမ္ပဏီက Redmi X TV ရဲ့ စပီကာ သတင်းအချက်အလက်တွေကို မျှဝေလိုက်ပါတယ်။၊

ရုပ်ရှင် ၊ ဗီဒီယိုတွေ ကြည့်ရှု ခံစားဖို့ အသံအရည်အသွေး အရမ်းကို ကောင်းမွန်မှာ ဖြစ်ပြီး Redmi X TV မှာ 12.5W စပီကာ ၄ လုံးနဲ့ Subwoofer ၈ လုံး ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ ကုမ္ပဏီက ရုပ်ရှင်ရုံလို အသံအရည်အသွေးရစေရမယ်လို့ အာမခံထားပါတယ်။ Redmi X TV ရဲ့ အသံထွက်က လန်ထွက်နေမယ်လို့ ထင်ပါတယ်။

Xiaomi က ၂၆ ရက်နေ့မှာ ထုတ်ကုန် အသစ်တွေကို ကြေညာတော့မှာပါ။ Redmi 10X Series ဖုန်း ၃ လုံး ပါလာနိုင်တဲ့အပြင် ကုမ္ပဏီက MEMC Motion ပါတဲ့ Redmi X TV နဲ့ 16.1” Laptop ကိုပါ ချပြနိုင်ပါတယ်။ သူတို့ရဲ့ Teaser တွေကို ကုမ္ပဏီက ဝီဘိုမှာ မျှဝေနေပါတယ်။

Ref : gsmarena