Xiaomi ကနေ ပြီးခဲ့တဲ့လအနည်းငယ်တုန်းက TV စျေးကွက်အပြင် Monitor စျေးကွက်ကိုပါ Mi Surface , Mi Display 1 လိုမျိုး Monitor အသစ်တွေနဲ့ ဝင်ရောက်လာခဲ့ပါတယ်။ မကြာသေးခင်တုန်းကလည်း Mi Display 1A ကို မိတ်ဆက်ခဲ့တဲ့အတွက် အခုဆိုရင် Xiaomi ကနေ ထုတ်လုပ်ထားတဲ့ Monitor က ၃ မျိုးအထိရှိနေပါပြီ။

အခုလည်း Xiaomi ရဲ့ Sub-brand ဖြစ်တဲ့ Redmi ကလည်း Redmi Display ဆိုပြီး Monitor အသစ်တွေကို မိတ်ဆက်လာတော့မယ်လို့ သိရပါတယ်။ အဆိုပါ သတင်းကိုတော့ Weibo စာမျက်နှာမှာပေါက်ကြားခဲ့တာဖြစ်ပြီး မိတ်ဆက်မယ့်အချိန်နဲ့ အမျိုးအစားတွေကို ဖော်ပြထားခဲ့တာဖြစ်ပါတယ်။

အရင်ဆုံးမိတ်ဆက်မယ့် Redmi Display ဟာ လာမယ့် ဇွန်လဝန်းကျင်မှာ မိတ်ဆက်သွားမှာဖြစ်ပြီး Screen Size အနေနဲ့ 23.8″ ရှိမှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Xiaomi ရဲ့ Mi Display 1 နဲ့ 1A တို့နဲ့အဓိကယှဥ်ပြိုင်ရဖွယ်ရှိနေပြီး စျေးနှုန်းအနေနဲ့ Redmi Display ဟာ ၆၀၀ ယွမ် (မြန်မာငွေ ၁ သိန်း ၂ သောင်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် လက်ရှိရောင်းချနေတဲ့ Mi Display 1 နဲ့ 1A ထက် ၉၉ ယွမ် (မြန်မာငွေ ၂ သောင်းဝန်းကျင်) ပိုသက်သာမှာပါ။

နောက်ပိုင်းမှာတော့ Xiaomi ကနေ လာမယ့် ဇူလိုင်လမှာ 27″ Gaming Monitor ၊ စက်တင်ဘာလမှာ 24.5″ Gaming Monitor နဲ့ နိုဝင်ဘာလဝန်းကျင်မှာ 29.5″ နဲ့ 27″ 4K Monitor တွေကို မိတ်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ Redmi အနေနဲ့လည်း ပုံမှန်နဲ့ Gaming အတွက် 27″ Monitor တွေနဲ့ 23.8″ Gaming Monitor တွေကို မိတ်ဆက်သွားဖို့ရှိနေတယ်လို့ သိရပေမယ့် မိတ်ဆက်မယ့်အချိန်ကိုတော့ အတိအကျမသိရှိရသေးပါဘူး။

Ref – Giz China