Xiaomi က အိန္ဒိယမှာ True Wireless Headset ဖြစ်တဲ့ Redmi Earbuds S ကို မနက်ဖြန် ကြေညာတော့မယ်လို့ သိရပါတယ်။ အဲဒီ နားကြပ်ဟာ ဒီနှစ် အစောပိုင်းက ကြေညာခဲ့တဲ့ Redmi AirDots S ကို နာမည်ပြောင်း ရောင်းချတာပါ။

Case က ဘက်ထရီ အပါအဝင် Redmi Earbuds S ဟာ သီချင်းနားထောင်ရင် ၁၂ နာရီ အသုံးခံပြီး  နားကြပ်ရဲ့ ဘက်ထရီက ၄ နာရီ သီချင်းနားထောင်နိုင်ပါတယ်။ IPX4 စံနှုန်း ရှိတဲ့အတွက် ချွေးနဲ့ ရေစက်ရေပေါက်တွေကို ခံနိုင်ရည်ရှိပြီး မိုးရွားထဲ ပြေးရင် ၊ လမ်းလျှောက်ရင် ဝတ်ဆင်နိုင်ပါတယ်။ Bluetooth 5.0 နဲ့ Low-latency Mode ပါတဲ့အတွက် ဂိမ်းကစားရင် အသံနောက်ကျတာကို နည်းပါးစေပါတယ်။ သင်ဟာ MIUI ဖုန်း ကိုင်တာဆိုရင် နားကြပ်ဘူးကို ပထမဆုံး အကြိမ်ဖွင့်လိုက်တာနဲ့ အလိုလို ချိတ်ဆက်ပေးနိုင်ပါတယ်။ Xiaomi က “DSP Environment Noise Cancellation “ လို့ ခေါ်တဲ့ အသံဆူညံမှု လျှော့ချပေးတဲ့ လုပ်ဆောင်ချက်ပါပြီး ဒါဟာ ဖုန်းပြောရင်ပဲ အသံဆူညံတာ လျှော့ချပေးတာပါ။ Active Noise Cancellation လောက် အစွမ်း မထက်ပါဘူး။

Earbuds S ကို Mi.com , Amazon.in နဲ့ မြေပြင်စတိုးတွေကနေ ဝယ်ယူနိုင်ပြီး ရူပီး ၁,၈၀၀ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၃ သောင်း ၃ ထောင်လောက်ပဲရှိပါတယ်။ 18W Mi Charger အသစ်ကိုလည်း အိန္ဒိယမှာ ရောင်းချမှာ ဖြစ်ပါတယ်။ Charger  မှာ USB-A Port ၂ ခုပါလာပြီး USB Power Delivery အစား Qualcomm Quick Charge 3.0 နည်းပညာ သုံးထားပါတယ်။ ၆၀၀ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၁ သောင်းလောက်ပဲရှိပါတယ်။

Ref : gsmarena