[Unicode]

Redmi က K30 မှာ အသစ်စက်စက် ကြေညာထားတဲ့ Snapdragon 765G Chipset ပါမယ်လို့ မကြာခင်က ကြေညာထားပါတယ်။ 5G ဆက်သွယ်မှု ပါတဲ့ Chipset ဖြစ်ပါတယ်။ အခုတော့ ကုမ္ပဏီ အထွေထွေမန်နေဂျာရဲ့ ပြောစကားနဲ့ TENAA ကနေ ထွက်ပေါ်လာတဲ့ အချက်အလက်တွေကြောင့် Redmi K30 ရဲ့ သတင်းတွေကို ပိုမိုသိလာရပါပြီ။

ကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာက K30 အတွက် 5G မော်ဒယ်ကိုပါ ထုတ်လုပ်ရောင်းချမယ်လို့ ဝီဘိုကနေ အတည်ပြုလိုက်ပါတယ်။ Redmi Fans တွေက 5G မရသေးတဲ့ ဒေသတွေအတွက် 4K မော်ဒယ်ကို ထုတ်လုပ်ရောင်းချမလားဆိုတာ သိချင်နေကြပါတယ်။ အခုတော့ ကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာက 4G မော်ဒယ်ကိုလည်း ထုတ်လုပ်ရောင်းချမယ်လို့ အတည်ပြုလိုက်ပါတယ်။

K30 ရဲ့ သတင်းအချက်အလက်တွေ TENAA ကနေ ထွက်ပေါ်လာပါတယ်။ အဲဒီဖုန်းမှာ 4,400mAh Battery နဲ့ 2.2GHz Processor ပါလာမှာ ဖြစ်ပါတယ်။ Processor ရဲ့ နာမည်ကို မပြောထားပေမယ့် Snapdragon 730G ဖြစ်မယ်လို့ထင်ရပါတယ်။ ၆.၆၇ လက်မ Full HD+ Display ထည့်သွင်းထားပြီး 6GB , 8GB နဲ့ 12GB RAM တွေ ရွေးချယ်နိုင်ပါတယ်။ 256GB Storage အထိ ထုတ်လုပ်ပေးထားမှာပါ။

TENAA မှာ ကင်မရာ သတင်းအချက်အလက်တွေကို မဖော်ပြထားပါဘူး။ Teasers တွေအရ အရှေ့ ကင်မရာ ၂ လုံး ထည့်သွင်းထားပြီး ၁ လုံးက 20MP ဖြစ်နိုင်ပါတယ်။ အနောက်ဘက်က ပင်မ ကင်မရာဟာ 64MP ဖြစ်နိုင်ပါတယ်။ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကုမ္ပဏီက တရားဝင် ကြေညာတော့မှာပါ။

Ref : gsmarena

[Zawgyi]

Redmi အရာရွိက K30 အတြက္ 5G ေမာ္ဒယ္ကိုပါ ေရာင္းမယ္လို႔ အတည္ျပဳ

Redmi က K30 မွာ အသစ္စက္စက္ ေၾကညာထားတဲ့ Snapdragon 765G Chipset ပါမယ္လို႔ မၾကာခင္က ေၾကညာထားပါတယ္။ 5G ဆက္သြယ္မႈ ပါတဲ့ Chipset ျဖစ္ပါတယ္။ အခုေတာ့ ကုမၸဏီ အေထြေထြမန္ေနဂ်ာရဲ႕ ေျပာစကားနဲ႔ TENAA ကေန ထြက္ေပၚလာတဲ့ အခ်က္အလက္ေတြေၾကာင့္ Redmi K30 ရဲ႕ သတင္းေတြကို ပိုမိုသိလာရပါၿပီ။

ကုမၸဏီရဲ႕ အေထြေထြမန္ေနဂ်ာက K30 အတြက္ 5G ေမာ္ဒယ္ကိုပါ ထုတ္လုပ္ေရာင္းခ်မယ္လို႔ ၀ီဘိုကေန အတည္ျပဳလိုက္ပါတယ္။ Redmi Fans ေတြက 5G မရေသးတဲ့ ေဒသေတြအတြက္ 4K ေမာ္ဒယ္ကို ထုတ္လုပ္ေရာင္းခ်မလားဆိုတာ သိခ်င္ေနၾကပါတယ္။ အခုေတာ့ ကုမၸဏီရဲ႕ အေထြေထြမန္ေနဂ်ာက 4G ေမာ္ဒယ္ကိုလည္း ထုတ္လုပ္ေရာင္းခ်မယ္လို႔ အတည္ျပဳလိုက္ပါတယ္။

K30 ရဲ႕ သတင္းအခ်က္အလက္ေတြ TENAA ကေန ထြက္ေပၚလာပါတယ္။ အဲဒီဖုန္းမွာ 4,400mAh Battery နဲ႔ 2.2GHz Processor ပါလာမွာ ျဖစ္ပါတယ္။ Processor ရဲ႕ နာမည္ကို မေျပာထားေပမယ့္ Snapdragon 730G ျဖစ္မယ္လို႔ထင္ရပါတယ္။ ၆.၆၇ လက္မ Full HD+ Display ထည့္သြင္းထားၿပီး 6GB , 8GB နဲ႔ 12GB RAM ေတြ ေရြးခ်ယ္ႏုိင္ပါတယ္။ 256GB Storage အထိ ထုတ္လုပ္ေပးထားမွာပါ။

TENAA မွာ ကင္မရာ သတင္းအခ်က္အလက္ေတြကို မေဖာ္ျပထားပါဘူး။ Teasers ေတြအရ အေရွ႕ ကင္မရာ ၂ လံုး ထည့္သြင္းထားၿပီး ၁ လံုးက 20MP ျဖစ္ႏုိင္ပါတယ္။ အေနာက္ဘက္က ပင္မ ကင္မရာဟာ 64MP ျဖစ္ႏိုင္ပါတယ္။ ဒီဇင္ဘာလ ၁၀ ရက္ေန႔မွာ ကုမၸဏီက တရား၀င္ ေၾကညာေတာ့မွာပါ။

Ref : gsmarena