[Zawgyi]
လတ်တလော ကြားသိနေရတဲ့ သတင်းတွေအရဆိုရင် Redmi ဟာ Pop-up Selfie Camera ပါတဲ့ စမတ်ဖုန်း ၂မျိုးကို မိတ်ဆက်ဖို့ ရှိတယ်လို့ သိရပါတယ်။ တချို့သော ကျွမ်းကျင်ပညာရှင်တွေက အဆိုပါ စမတ်ဖုန်းတွေမှာ Snapdragon 855 SoC တွေကို အသုံးပြုထားနိုင်ဖွယ်ရှိတယ်လို့ ပြောဆိုထားကြပေမယ့် တချို့ကတော့ Snapdragon 730 SoC နဲ့သာ ပွဲထွက်လာနိုင်ကြောင်း ခန့်မှန်းပြောဆိုထားကြပါတယ်။ ဒါ့ကြောင့် Redmi အနေနဲ့ 730 SoC အသုံးပြု စမတ်ဖုန်းနဲ့ 855 SoC အသုံးပြု စမတ်ဖုန်းဆိုပြီး ၂မျိုး ၂စား မိတ်ဆက်လာနိုင်တယ်လို့ ယူဆရပါတယ်။
Xiaomi Group ရဲ့ Vice President နဲ့ Redmi ရဲ့ General Manager ဖြစ်သူ Lu Weibing ကတော့ သူတို့ရဲ့ Redmi 855 ဟာ ထင်မှတ်မထားတဲ့ ဈေးနှုန်းမျိုးနဲ့ ပွဲထွက်လာမယ်လို့ ကြွေးကြော်ထားပါတယ်။ ကောလဟလသတင်းတွေမှာတော့ အဆိုပါ စမတ်ဖုန်းဟာ တရုတ်ငွေ ၂၀၀၀ ယွမ် (မြန်မာငွေ ၄သိန်းခွဲ ဝန်းကျင်) ကနေ စတင်ကျသင့်နိုင်ပြီး နိုင်ငံတကာဈေးကွက်ကို Poco F2 အမည်နဲ့ ဖြန့်ချိသွားနိုင်တယ်လို့ ဖော်ပြထားပါတယ်။
Ref : Xda-developer
[Unicode]
Redmi ရဲ့ Flagship စမတ်ဖုန်းဟာ Pop-up Selfie Camera နဲ့ ပွဲထွက်လာမယ်ဆိုတာ သေချာသွားပြီ
Redmi ဟာ သူတို့ရဲ့ တရားဝင် Weibo စာမျက်နှာမှာ ဗီဒီယိုတစ်ခုကို ဒီနေ့မနက် အစောပိုင်းတုန်းက လွှင့်တင်လာခဲ့ပါတယ်။ ကြာမြင့်ချိန် ၇၈စက္ကန့်သာရှိတဲ့ ဗီဒီယိုဟာ Redmi Note 7, Redmi 7, မျိူးဆက်သစ် Redmi စမတ်ဖုန်းတွေရဲ့ ဒီဇိုင်းတချိူ့နဲ့ လက်ရှိမှာ ရုံတင်ပြသနေတဲ့ Avengers: Endgame ထဲက ဇာတ်ဝင်ခန်းတချိူ့ကို ရောနှောဖလှယ်ပြသထားတာ ဖြစ်ပါတယ်။
နောက်ဆုံးပိတ်မှာတော့ မျက်နှာပြင်ပြည့် စမတ်ဖုန်းထိပ်ကနေ Pop-up Selfie Camera လေး “ပြူကနဲ” ထွက်လာတာကို မြင်တွေ့ရမှာပါ။ ဒါ့ကြောင့် ကောလဟလသတင်းတွေ ပေါက်ကြားထွက်ပေါ်နေတဲ့ Redmi ရဲ့ မျိူးဆက်သစ် စမတ်ဖုန်းမှာ Pop-up Selfie Camera အသုံးပြုထားတယ်ဆိုတာ သေချာပြီလို့ ပြောရမှာပါ။
လတ်တလော ကြားသိနေရတဲ့ သတင်းတွေအရဆိုရင် Redmi ဟာ Pop-up Selfie Camera ပါတဲ့ စမတ်ဖုန်း ၂မျိူးကို မိတ်ဆက်ဖို့ ရှိတယ်လို့ သိရပါတယ်။ တချိူ့သော ကျွမ်းကျင်ပညာရှင်တွေက အဆိုပါ စမတ်ဖုန်းတွေမှာ Snapdragon 855 SoC တွေကို အသုံးပြုထားနိုင်ဖွယ်ရှိတယ်လို့ ပြောဆိုထားကြပေမယ့် တချိူ့ကတော့ Snapdragon 730 SoC နဲ့သာ ပွဲထွက်လာနိုင်ကြောင်း ခန့်မှန်းပြောဆိုထားကြပါတယ်။ ဒါ့ကြောင့် Redmi အနေနဲ့ 730 SoC အသုံးပြု စမတ်ဖုန်းနဲ့ 855 SoC အသုံးပြု စမတ်ဖုန်းဆိုပြီး ၂မျိူး ၂စား မိတ်ဆက်လာနိုင်တယ်လို့ ယူဆရပါတယ်။
Xiaomi Group ရဲ့ Vice President နဲ့ Redmi ရဲ့ General Manager ဖြစ်သူ Lu Weibing ကတော့ သူတို့ရဲ့ Redmi 855 ဟာ ထင်မှတ်မထားတဲ့ စျေးနှုန်းမျိူးနဲ့ ပွဲထွက်လာမယ်လို့ ကြွေးကြော်ထားပါတယ်။ ကောလဟလသတင်းတွေမှာတော့ အဆိုပါ စမတ်ဖုန်းဟာ တရုတ်ငွေ ၂၀၀၀ ယွမ် (မြန်မာငွေ ၄သိန်းခွဲ ဝန်းကျင်) ကနေ စတင်ကျသင့်နိုင်ပြီး နိုင်ငံတကာစျေးကွက်ကို Poco F2 အမည်နဲ့ ဖြန့်ချိသွားနိုင်တယ်လို့ ဖော်ပြထားပါတယ်။
Ref : Xda-developer