Xiaomi ရဲ့ နောက်ထပ်ခြေလှမ်းသစ်အဖြစ် ထွက်ရှိလာမယ့် Redmi G Gaming Laptop အသစ်မှာ ပါဝင်မယ့် Feature အချို့ကို ယနေ့ဩဂုတ် ၁၃ ရက်နေ့မှာ ကုမ္ပဏီက သူတို့ရဲ့ Weibo အကောင့်ကနေ အတည်ပြုခဲ့ပါတယ်။

Redmi ရဲ့ဖော်ပြချက်အရ Redmi G Gaming Laptop အသစ်ဟာ Intel ရဲ့ နောက်ဆုံးပေါ် 10th Gen Processor ကို အသုံးပြုလာမှာဖြစ်ပြီး NVIDIA ရဲ့ GPU တွေနဲ့ တွဲဖက်လာမှာပါ။ ဒါ့အပြင် 16.1” လက်မအရွယ် Display ကလည်း ဂိမ်မာတွေ အကြိုက် 144Hz Refresh Rate အမြင့်စား ပါဝင်လာမှာဖြစ်ပါတယ်။

အတွင်းမှာ Intel i7 10th Gen Processor နဲ့အတူ NVIDIA GTX 16 ကနေ RTX အတွင်း GPU တစ်ခုခုကို တွဲဖက်ပေးလာမယ်လို့ ယုံကြည်ရပါတယ်။ တရားဝင် ပိုစတာ မှာလည်း ဒီ laptop တွေဟာ Heat Pipe နှစ်ခုနဲ့ ဆက်သွယ်ထားတဲ့ Fan နှစ်ခု ထည့်သွင်းထားလို့ ဂိမ်းကစားချိန်မှာ ထွက်လာမယ့် အပူရှိန်ကို လျော့ချပေးနိုင်မယ့် စနစ်တစ်ခု ပါဝင်မှာပါ။

အမြင်ပိုင်းမှာတော့ ကုမ္ပဏီက ရှင်းလင်းတဲ့ စက်ရုပ် Armor ဆန်ဆန် ဒီဇိုင်းကို အသုံးပြုလာတာ တွေ့ရမှာပါ။ ဒီ Laptop ကို ဩဂုတ် ၁၄ ရက်နေ့မှာ တရားဝင် မိတ်ဆက်လာမှာ ဖြစ်ပါတယ်။

Ref – GizmoChina