[Zawgyi]

Redmi ဟာ Mid-range စမတ္ဖုန္းတစ္လုံးျဖစ္တဲ့ Redmi Note 7 Pro ကို မိတ္ဆက္ၿပီးသြားတဲ့ေနာက္ ကုမၸဏီအေနနဲ႔ Snapdragon 855 SoC နဲ႔ Flagship တစ္လုံးကို ထပ္မံၿပီး မိတ္ဆက္ေပးေတာ့မယ္လို႔ ေကာလာဟလေတြ ထြက္ေပၚေနခဲ့ပါတယ္။ ေကာလာဟလသတင္းေတြက ေျပာတာကေတာ့ Redmi Pro2 ျဖစ္ပါတယ္။

Redmi အမွတ္တံဆိပ္ရဲ႕ အေထြေထြမန္ေနဂ်ာျဖစ္တဲ့ Lu Weibing က ေကာလာဟလ သတင္းေတြထြက္ေနတဲ့ Redmi Pro2 နဲ႔ ပတ္သက္ၿပီး အတည္ျပဳခ်က္အခ်ိဳ႕ကို ထုတ္ေျပာသြားခဲ့ပါတယ္။ Lu Weibing ရဲ႕ ေျပာဆိုမႈအရ Redmi ဟာ Snapdragon 855 နဲ႔ စမတ္ဖုန္းကို ထုတ္ဖို႔လုပ္ေနတယ္ဆိုတာမွန္ေပမယ့္ အျပင္မွာထြက္ေနတဲ့ Render အတိုင္းေတာ့ မဟုတ္ဘူးလို႔ ဆိုလိုက္တာပါ။

Lu Weibing ရဲ႕ စကားအရဆိုရင္ Redmi Pro2 ဟာ Snapdragon 855 သုံးထားတာ ေသခ်ာေပမယ့္ Pop-up ကင္မရာနဲ႔ ဆိုတာေတာ့ မဟုတ္ဘူးလို႔ သြယ္ဝိုက္ၿပီးေျပာလိုက္သလိုပဲ ျဖစ္ပါတယ္။ Redmi Pro2 နဲ႔ပတ္သက္ၿပီး ေပါက္ၾကားထားတဲ့ပုံကေတာ့ အမွန္တကယ္ပဲ ပုံထဲကအတိုင္း ထြက္ရွိလာမယ္လို႔ ယုံၾကည္ရေလာက္ေအာင္ အေတာ္ေလးကို သပ္ရပ္ၿပီး အေသးစိတ္လည္းက်ပါတယ္။

ဒါေပမယ့္ Lu Weibing က Weibo မွာ ထြက္ေပၚလာတဲ့ Render ဟာ ဒီဇိုင္နာက သူစိတ္ကူးယဥ္ထားတဲ့အတိုင္း ျပဳလုပ္ထားတာသာ ျဖစ္တယ္လို႔ေျပာခဲ့တာေၾကာင့္ Redmi Pro2 အေနနဲ႔ Waterdrop notch ဒါမွမဟုတ္ Punch-hole နဲ႔သာ ထြက္ေပၚလာဖြယ္ရွိတယ္လို႔ ခန႔္မွန္းရပါတယ္။ ဒါ့အျပင္ Render မွာ ေဖာ္ျပထားသလို ေက်ာဘက္ကင္မရာသုံးလုံး ပါဝင္လာဖြယ္ ရွိမရွိဆိုတာလည္း ဆက္လက္ေစာင့္ၾကည့္ရေတာ့မွာပါ။

Ref: GSMArena

[Unicode]

Snapdragon 855 နဲ့ ဖုန်းကို ထုတ်ဖို့လုပ်နေပေမယ့် Pop-up ကင်မရာနဲ့တော့မဟုတ်ဘူးလို့ Redmi GM အတည်ပြု

Redmi ဟာ Mid-range စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Redmi Note 7 Pro ကို မိတ်ဆက်ပြီးသွားတဲ့နောက် ကုမ္ပဏီအနေနဲ့ Snapdragon 855 SoC နဲ့ Flagship တစ်လုံးကို ထပ်မံပြီး မိတ်ဆက်ပေးတော့မယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေခဲ့ပါတယ်။ ကောလာဟလသတင်းတွေက ပြောတာကတော့ Redmi Pro2 ဖြစ်ပါတယ်။

Redmi အမှတ်တံဆိပ်ရဲ့ အထွေထွေမန်နေဂျာဖြစ်တဲ့ Lu Weibing က ကောလာဟလ သတင်းတွေထွက်နေတဲ့ Redmi Pro2 နဲ့ ပတ်သက်ပြီး အတည်ပြုချက်အချို့ကို ထုတ်ပြောသွားခဲ့ပါတယ်။ Lu Weibing ရဲ့ ပြောဆိုမှုအရ Redmi ဟာ Snapdragon 855 နဲ့ စမတ်ဖုန်းကို ထုတ်ဖို့လုပ်နေတယ်ဆိုတာမှန်ပေမယ့် အပြင်မှာထွက်နေတဲ့ Render အတိုင်းတော့ မဟုတ်ဘူးလို့ ဆိုလိုက်တာပါ။

Lu Weibing ရဲ့ စကားအရဆိုရင် Redmi Pro2 ဟာ Snapdragon 855 သုံးထားတာ သေချာပေမယ့် Pop-up ကင်မရာနဲ့ ဆိုတာတော့ မဟုတ်ဘူးလို့ သွယ်ဝိုက်ပြီးပြောလိုက်သလိုပဲ ဖြစ်ပါတယ်။ Redmi Pro2 နဲ့ပတ်သက်ပြီး ပေါက်ကြားထားတဲ့ပုံကတော့ အမှန်တကယ်ပဲ ပုံထဲကအတိုင်း ထွက်ရှိလာမယ်လို့ ယုံကြည်ရလောက်အောင် အတော်လေးကို သပ်ရပ်ပြီး အသေးစိတ်လည်းကျပါတယ်။

ဒါပေမယ့် Lu Weibing က Weibo မှာ ထွက်ပေါ်လာတဲ့ Render ဟာ ဒီဇိုင်နာက သူစိတ်ကူးယဉ်ထားတဲ့အတိုင်း ပြုလုပ်ထားတာသာ ဖြစ်တယ်လို့ပြောခဲ့တာကြောင့် Redmi Pro2 အနေနဲ့ Waterdrop notch ဒါမှမဟုတ် Punch-hole နဲ့သာ ထွက်ပေါ်လာဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။ ဒါ့အပြင် Render မှာ ဖော်ပြထားသလို ကျောဘက်ကင်မရာသုံးလုံး ပါဝင်လာဖွယ် ရှိမရှိဆိုတာလည်း ဆက်လက်စောင့်ကြည့်ရတော့မှာပါ။

Ref: GSMArena