Xiaomi ရဲ့ ကုမ္ပဏီအခွဲဖြစ်တဲ့ Redmi ကနေ ဒီနှစ်အတွက် Flagship Killer စမတ်ဖုန်းတစ်လုံးလို့ ပြောနိုင်တဲ့ Redmi K30 Pro ကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ K30 Pro ဖုန်းဟာ မနှစ်တုန်းကအောင်မြင်ခဲ့တဲ့ Redmi K20 Pro ရဲ့ မျိုးဆက်ဖြစ်လာပြီး K30 Pro အပြင် K30 Pro Zoom Edition ဆိုပြီး မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဆိုပါ Redmi K30 Pro ဖုန်းမှာ ဝေဖန်ခံနေရတဲ့အချက်ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀၁၉ ခုနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Redmi K30 ဖုန်းမှာတောင် 120Hz Refresh Rate ပါဝင်တဲ့ Display ကို ထည့်သွင်းပေးခဲ့ပေမယ့် Redmi K30 Pro မှာတော့ 60Hz Refresh Rate ကိုပဲ Support ပြုလုပ်နေတာဖြစ်ပါတယ်။ ဒီအတွက် အဖြေကိုလည်း Redmi ရဲ့ General Manager ဖြစ်တဲ့ Lu Weibing ကနေ ပြန်လည်မဖြေကြားခဲ့ပါဘူး။

အခုတော့ Lu Weibing ဟာ အဆိုပါ အဖြေကို Press Event မှာ ပြောကြားလိုက်ပြီဖြစ်ပြီး Redmi K30 နဲ့ K30 Pro ဖုန်းတွေရဲ့ Specification ကို ပြီးခဲ့တဲ့ ၁၀ လဝန်းကျင်ထဲက ကြိုတင်စီစဥ်ခဲ့တာဖြစ်တဲ့အတွက် အခုမှ 60Hz Refresh Rate Display ကို ပြောင်းလဲလိုက်တာမဟုတ်ဘူးလို့ သိရပါတယ်။ ဒီလိုမျိုး 60Hz Refresh Rate Display ကိုပဲ ထည့်သွင်းထားရတာကလည်း ပိုကောင်းတဲ့ Full Screen Experience အပြင် Battery Life ကိုပါ အဓိကထည့်သွင်းစဥ်းစားခဲ့တာကြောင့်ဖြစ်တယ်လို့ ဖြေကြားသွားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် Redmi ရဲ့ အခုအဖြေဟာ အနည်းငယ်ထူးဆန်းနေပြီးတော့ ဒါကလည်း 90Hz Refresh Rate လောက်ကိုတင် ထည့်သွင်းပေးလိုက်ရင် Battery Life က ပိုဆိုးသွားနိုင်တယ်ဆိုပြီး ငြင်းဆိုနေတာဖြစ်ပါတယ်။ တဖက်မှာတော့ ပိုကောင်းတဲ့ Xiaomi Mi 10 Series အပါအဝင် OnePlus 7 Pro နဲ့ တခြားသော Flagship ဖုန်းအများအပြားက အနိမ့်ဆုံး 90Hz Refresh Rate ကိုထည့်သွင်းပေးနေကြတာပါ။ အဲ့ဒီအတွက် Redmi K30 Pro ဟာ စျေးသက်သာပေမယ့် ဒီလိုမျိုး Display ပိုင်းမှာတော့ Flagship ဖုန်းတွေကို မယှဥ်နိုင်တော့ဘူးလို့ သတ်မှတ်ရမှာပါ။

ဒါပေမယ့်လည်း Redmi ကတော့ ဒီ K30 Pro ဖုန်းဟာ Samsung ရဲ့ E3 AMOLED Display ကို အသုံးပြုထားပြီး 180Hz Touch Sensing ၊ HDR 10+ ၊ TÜV Rheinland Global Eye Care Certification နဲ့ အမြင့်ဆုံး 1200 Nits Brightness အထိရှိတဲ့အတွက် Full HD+ Resolution ပဲဖြစ်ပေမယ့် အရည်အသွေးကောင်းတဲ့ Display တစ်ခုလို့ ပြောကြားခဲ့ပါတယ်။

Ref – Gizmo China