Unicode

OPPO ကနေ ပြီးခဲ့တဲ့နှစ်တုန်းက ကမ္ဘာ့ပထမဆုံးသော Display အောက်မှာ Selfie Camera ကိုတပ်ဆင်ထားတဲ့ Under-Screen Camera Technology ကိုပြသခဲ့ပါတယ်။ ဒါပေမယ့် လာမယ့် ဖေဖော်ဝါရီလမှာ မိတ်ဆက်သွားမယ့် OPPO Find X2 မှာ အဆိုပါ Under-Screen Camera ဟာ ပါဝင်ဦးမှာမဟုတ်သေးသလို OPPO ဘက်ကလည်း အဆိုပါ Camera နည်းပညာဟာ အခုအချိန်မှာ အဆင်သင့်မဖြစ်သေးဘူးလို့ ပြောကြားခဲ့ပါတယ်။

အခုလည်း Redmi ရဲ့ General Manger ဖြစ်တဲ့ Lu Weibing ကနေ Under-Display Camera နဲ့ ပတ်သတ်တဲ့အချက်အချို့ကို ပြောကြားခဲ့ပါတယ်။ ဒါကလည်း အစောပိုင်းတုန်းက သူ့ရဲ့ Weibo Account မှာ ဘယ်လိုမျိုး Feature ကို စမတ်ဖုန်းတွေမှာ မြင်ချင်လဲဆိုတာကို Vote လုပ်ခိုင်းတဲ့ Post တစ်ခုမှာ Under-Display Camera နည်းပညာက အများဆုံး Voting ရရှိပြီးနောက်မှာ ပြောကြားခဲ့တာပါ။

Lu Weibing ရဲ့ ပြောကြားချက်အရတော့ Under-Display Camera နည်းပညာဟာ လက်ရှိစမတ်ဖုန်းတွေမှာ အမြောက်အများထုတ်လုပ်ဖို့ မဖြစ်နိုင်သေးသလို ထုတ်လုပ်မယ်ဆိုရင်လည်း အချိန်အတော်ကြာဦးမယ်လို့ သိရပါတယ်။ ဒါကလည်း လက်ရှိ နည်းပညာပိုင်းစွမ်းဆောင်နိုင်မှုတွေက Display နဲ့ Camera တစ်ခုခုကို Compromise မပြုလုပ်ဘဲ ဆောင်ရွက်နိုင်ခြင်းမရှိသေးတာကြောင့်လို့ ပြောကြားခဲ့ပါတယ်။

ဒါတင်မဟုတ်သေးဘဲ ဒီလိုမျိုး မပြုလုပ်နိုင်တာက စမတ်ဖုန်းအများစုရဲ့ Display Density ဖြစ်တဲ့ Pixel Per Inch (PPI) ဟာ 400PPI ဝန်းကျင်ရှိနေပြီးတော့ Camera အတွက် အလင်းရောင်ရရှိမှုဟာ အလွယ်နည်းပါးနေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် ရိုက်ကူးတဲ့ ဓါတ်ပုံတွေဟာ Quality ကောင်းမှာမဟုတ်ဘဲ Camera ဝန်းကျင်မှာ Display PPI ကို လျော့ချမယ်ဆိုရင်လည်း Display Quality ကျဆင်းမှာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Xiaomi အတွက်တော့ ဒီနှစ်ထဲမှာ Under-Display Camera ပါဝင်တဲ့ စမတ်ဖုန်းကို မြင်တွေ့ရဖွယ်မရှိတော့ဘူးလို့ ပြောရမှာပါ။

Ref – Gizmo China

Zawgyi

OPPO ကေန ၿပီးခဲ့တဲ့ႏွစ္တုန္းက ကမာၻ႔ပထမဆုံးေသာ Display ေအာက္မွာ Selfie Camera ကိုတပ္ဆင္ထားတဲ့ Under-Screen Camera Technology ကိုျပသခဲ့ပါတယ္။ ဒါေပမယ့္ လာမယ့္ ေဖေဖာ္ဝါရီလမွာ မိတ္ဆက္သြားမယ့္ OPPO Find X2 မွာ အဆိုပါ Under-Screen Camera ဟာ ပါဝင္ဦးမွာမဟုတ္ေသးသလို OPPO ဘက္ကလည္း အဆိုပါ Camera နည္းပညာဟာ အခုအခ်ိန္မွာ အဆင္သင့္မျဖစ္ေသးဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

အခုလည္း Redmi ရဲ႕ General Manger ျဖစ္တဲ့ Lu Weibing ကေန Under-Display Camera နဲ႔ ပတ္သတ္တဲ့အခ်က္အခ်ိဳ႕ကို ေျပာၾကားခဲ့ပါတယ္။ ဒါကလည္း အေစာပိုင္းတုန္းက သူ႔ရဲ႕ Weibo Account မွာ ဘယ္လိုမ်ိဳး Feature ကို စမတ္ဖုန္းေတြမွာ ျမင္ခ်င္လဲဆိုတာကို Vote လုပ္ခိုင္းတဲ့ Post တစ္ခုမွာ Under-Display Camera နည္းပညာက အမ်ားဆုံး Voting ရရွိၿပီးေနာက္မွာ ေျပာၾကားခဲ့တာပါ။

Lu Weibing ရဲ႕ ေျပာၾကားခ်က္အရေတာ့ Under-Display Camera နည္းပညာဟာ လက္ရွိစမတ္ဖုန္းေတြမွာ အေျမာက္အမ်ားထုတ္လုပ္ဖို႔ မျဖစ္ႏိုင္ေသးသလို ထုတ္လုပ္မယ္ဆိုရင္လည္း အခ်ိန္အေတာ္ၾကာဦးမယ္လို႔ သိရပါတယ္။ ဒါကလည္း လက္ရွိ နည္းပညာပိုင္းစြမ္းေဆာင္ႏိုင္မႈေတြက Display နဲ႔ Camera တစ္ခုခုကို Compromise မျပဳလုပ္ဘဲ ေဆာင္႐ြက္ႏိုင္ျခင္းမရွိေသးတာေၾကာင့္လို႔ ေျပာၾကားခဲ့ပါတယ္။

ဒါတင္မဟုတ္ေသးဘဲ ဒီလိုမ်ိဳး မျပဳလုပ္ႏိုင္တာက စမတ္ဖုန္းအမ်ားစုရဲ႕ Display Density ျဖစ္တဲ့ Pixel Per Inch (PPI) ဟာ 400PPI ဝန္းက်င္ရွိေနၿပီးေတာ့ Camera အတြက္ အလင္းေရာင္ရရွိမႈဟာ အလြယ္နည္းပါးေနတာျဖစ္ပါတယ္။ အဲ့ဒီအတြက္ ႐ိုက္ကူးတဲ့ ဓါတ္ပုံေတြဟာ Quality ေကာင္းမွာမဟုတ္ဘဲ Camera ဝန္းက်င္မွာ Display PPI ကို ေလ်ာ့ခ်မယ္ဆိုရင္လည္း Display Quality က်ဆင္းမွာေၾကာင့္ျဖစ္တယ္လို႔ သိရပါတယ္။

ဘာပဲျဖစ္ျဖစ္ Xiaomi အတြက္ေတာ့ ဒီႏွစ္ထဲမွာ Under-Display Camera ပါဝင္တဲ့ စမတ္ဖုန္းကို ျမင္ေတြ႕ရဖြယ္မရွိေတာ့ဘူးလို႔ ေျပာရမွာပါ။

Ref – Gizmo China