Apple ဟာ iPhone 12 Series ကို မိတ်ဆက်ထားပြီးပြီဖြစ်ပြီး စျေးကွက်အတွင်းမှာလည်း စတင်ရောင်းချနေပြီဖြစ်ပါတယ်။ ယခုနှစ်မှာတော့ ပုံမှန် iPhone 12 ၊ 12 Pro နဲ့ 12 Pro Max ဖုန်းတွေအပြင် Screen Size 5.4″ ပဲရှိပြီး အရွယ်အစားသေးငယ်တဲ့ iPhone 12 Mini ကိုပါ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

ဒီလိုမျိုး Apple ကနေ iPhone 12 Mini ကို မိတ်ဆက်ခဲ့သလို ကျန်တဲ့စမတ်ဖုန်းကုမ္ပဏီတွေကလည်း လိုက်ပြီး Mini Compact စမတ်ဖုန်းတွေကို ထုတ်လုပ်လာဖွယ်ရှိနေပါတယ်။ အခုလည်း Xiaomi ရဲ့ Sub-brand ဖြစ်တဲ့ Redmi ရဲ့ Product Director Wang Teng ကနေ Redmi ကလည်း iPhone 12 Mini လိုမျိုး Compact ဖုန်းကို မိတ်ဆက်ဖို့ စဥ်းစားနေတယ်လို့ တရားပြောကြားခဲ့ပါတယ်။

Product Director Wang Teng တင်မဟုတ်ဘဲ အခုလည်း Redmi ရဲ့ General Manager ဖြစ်တဲ့ Lu Weibing ကနေ Mini Redmi ဖုန်းကို မိတ်ဆက်ဖို့ရှိနေတယ်ဆိုပြီး ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး Mini စမတ်ဖုန်းထုတ်လုပ်မယ်ဆိုရင် Battery Life ပိုင်းမှာ ကျန်တဲ့ Flagship ဖုန်းတွေလောက်တော့ ကောင်းမွန်မှာမဟုတ်သေးဘူးဆိုပြီးလည်း ဖော်ပြခဲ့ပါသေးတယ်။

Apple ဟာ စမတ်ဖုန်းလောကမှာ စတင်ပြုလုပ်လိုက်တဲ့ Trend တိုင်းကို ကျန်တဲ့စမတ်ဖုန်းကုမ္ပဏီတွေအများအပြားက အမြဲတမ်းလိုက်လုပ်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ iPhone X မိတ်ဆက်ပြီးတဲ့အချိန်တုန်းကလည်း Xiaomi ကနေ အလားတူ Notch Design နဲ့ Mi 8 ဖုန်းကို မိတ်ဆက်ခဲ့သေးတဲ့အတွက် အခုလိုမျိုး iPhone 12 Mini ကို အတုခိုးထားတဲ့ Redmi ဖုန်းကလည်း မကြာခင်ထွက်ရှိလာတော့မှာ သေချာနေပါပြီ။

Ref – Gizmo China