[Zawgyi]

မၾကာေသးခင္ကပဲ Xiaomi ကေန ခြဲထြက္လာခဲ့တဲ့ Redmi ကေန  Redmi Note 7 ဘတ္ဂ်က္ဖုန္းေတြကို မိတ္ဆက္ခဲ့တာျဖစ္ျပီး လတ္တေလာလည္း ေတာ္ေတာ္ေလး ေဟာ့ေနဆဲပါ။ Xiaomi ကေန လံုးဝကြဲထြက္လာတ့အခ်ိန္မွာ ထုတ္လိုက္တဲ့ ပထမဆံုးဖုန္းတစ္လံုးျဖစ္တာလည္း ပါမွာပါ။  အခုလည္း ေနာက္ထပ္ဖုန္းေတြကို ထပ္ထုတ္ဖို႔ Redmi ျပင္ဆင္ေနပါျပီ။

Redmi Note 7 ေနာက္မွာ ထြက္လာမွာက Redmi Note 7 Pro နဲ႔ Redmi Go ေတြျဖစ္ျပီးေတာ့ Redmi Note 7 Pro အေၾကာင္းကေတာ သတင္းေလးေတြ ခပ္ပါးပါးၾကားထားျပီးသားပါ။ Snapdragon 675 Chipset သံုးမွာရယ္ 48MP Camera ကိုမွ Sony Sensor သုံးထားမွာရယ္ေၾကာင့္ ေတာ္ေတာ္စိတ္ဝင္စားမႈ မ်ားေနတဲ့ဖုန္းတစ္လံုး ျဖစ္ေနပါတယ္။

ဒါေပမယ့္ Redmi Go ကေတာ့ ကုမၸဏီရဲ႕ ပထမဆံုး Android Go သံုးထားမယ့္ စမတ္ဖုန္းတစ္လံုး ျဖစ္မယ္လို႔ မွန္းရပါတယ္။ အဲဒီ Android Go ဖုန္းေလးကေတာ့ ေမာ္ဒယ္လ္နံပါတ္ M1903C3GG ဆိုတဲ့ နာမည္နဲ႔ ထုိင္းႏုိင္ငံမွာ NBTC ကေန ခြင့္ျပဳခ်က္ရလာခဲ့ပါျပီ။ ဒီလိုဆိုေတာ့ Redmi Go ဖုန္းစစ္စစ္ကို မၾကာေသးေတာ့တဲံ ကာလတစ္ခုမွာ ျမင္ေတြ႔ရေတာ့မွာ ျဖစ္ပါတယ္။

တစ္ခုရိွတာက Android Go Edition ဖုနး္ေလးက အရင္ကလည္း EEC, IMDA, SIRIM ေတြကေနလည္း ခြင့္ျပဳခ်က္ရျပီးသား ျဖစ္ျပီး FCC ကေနလည္း အရင္လကမွ ရခဲ့ျပီးသားပါ။

ေပါက္ထားတဲ့ သတင္းေတြအရေတာ့ 5.9″ HD+ Display, 18:9 Ratio, RAM 1GB, Internal Storage 16GB နဲ႔ microSD ကဒ္လည္း သံုးလို႔ရမယ္လို႔ သိရပါတယ္။ ကင္မရာပိုင္းမွာေတာ့ ေက်ာဘက္မွာ ကင္မရာ တစ္လံုးနဲ႔ ေရွ႕ဘက္မွာ 5MP Selfie ကင္မရာ တစ္လံုးပါမယ္လို႔ သိထားရပါတယ္။

Android 9 Pie Go Edition နဲ႔ ထြက္လာမွာျဖစ္ျပီး Android Go ဆိုတာကလည္း အားလံုးသိျပီးသားျဖစ္တဲ့အတိုင္း Storage အရမ္းနည္းတဲ့ Entry-Level စမတ္ဖုနး္ေတြအတြက္ အဆင္ေျပေျပသံုးလို႔ရေအာင္ ထုတ္ေပးထားတဲ့ Edition ပါ။ Go Version မို႔ဆိုျပီး ထိမ္ခ်န္ထားတာမ်ိဳး မရိွဘဲ လက္ရိွ Android Pie ေတြလို Security Feature တူတူကိုမွ ေကာင္းေကာင္း Run ႏုိင္ေအာင္ ေထာက္ပံ့ေပးထားမွာပါ။

Google ကိုယ္တုိင္ကလည္း ဒီ Go Edition အတြက္ Google Go,Google Assistant Go, Gboard , File Go, Maps Go ဆိုျပီး မူရင္းဗားရွင္းကို ေပါ့ပါးေအာင္ျပဳျပင္ျပီး ဖန္တီးေပးထားပါေသးတယ္။ ဒီေတာ့ Android Go န႔ဲပြဲထြက္လာမယ့္ Redmi Go ေလးကိုမိတ္ဆက္မယ့္ ရက္ေတာ့အတိအက်မသိရေသးေပမယ့္ မတ္လကုန္က်ရင္ေတာ့ ထြက္လာလိမ့္မယ္လို႔ မွန္းရပါတယ္။

Source: GizmoChina

[Unicode]

ထိုင်းနိုင်ငံမှာ ခွင့်ပြုချက်ရသွားပြီဖြစ်တဲ့ Redmi Go

မကြာသေးခင်ကပဲ Xiaomi ကနေ ခွဲထွက်လာခဲ့တဲ့ Redmi ကနေ  Redmi Note 7 ဘတ်ဂျက်ဖုန်းတွေကို မိတ်ဆက်ခဲ့တာဖြစ်ပြီး လတ်တလောလည်း တော်တော်လေး ဟော့နေဆဲပါ။ Xiaomi ကနေ လုံးဝကွဲထွက်လာတ့အချိန်မှာ ထုတ်လိုက်တဲ့ ပထမဆုံးဖုန်းတစ်လုံးဖြစ်တာလည်း ပါမှာပါ။  အခုလည်း နောက်ထပ်ဖုန်းတွေကို ထပ်ထုတ်ဖို့ Redmi ပြင်ဆင်နေပါပြီ။

Redmi Note 7 နောက်မှာ ထွက်လာမှာက Redmi Note 7 Pro နဲ့ Redmi Go တွေဖြစ်ပြီးတော့ Redmi Note 7 Pro အကြောင်းကတော သတင်းလေးတွေ ခပ်ပါးပါးကြားထားပြီးသားပါ။ Snapdragon 675 Chipset သုံးမှာရယ် 48MP Camera ကိုမှ Sony Sensor သုံးထားမှာရယ်ကြောင့် တော်တော်စိတ်ဝင်စားမှု များနေတဲ့ဖုန်းတစ်လုံး ဖြစ်နေပါတယ်။

ဒါပေမယ့် Redmi Go ကတော့ ကုမ္ပဏီရဲ့ ပထမဆုံး Android Go သုံးထားမယ့် စမတ်ဖုန်းတစ်လုံး ဖြစ်မယ်လို့ မှန်းရပါတယ်။ အဲဒီ Android Go ဖုန်းလေးကတော့ မော်ဒယ်လ်နံပါတ် M1903C3GG ဆိုတဲ့ နာမည်နဲ့ ထိုင်းနိုင်ငံမှာ NBTC ကနေ ခွင့်ပြုချက်ရလာခဲ့ပါပြီ။ ဒီလိုဆိုတော့ Redmi Go ဖုန်းစစ်စစ်ကို မကြာသေးတော့တဲံ ကာလတစ်ခုမှာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

တစ်ခုရှိတာက Android Go Edition ဖုန်းလေးက အရင်ကလည်း EEC, IMDA, SIRIM တွေကနေလည်း ခွင့်ပြုချက်ရပြီးသား ဖြစ်ပြီး FCC ကနေလည်း အရင်လကမှ ရခဲ့ပြီးသားပါ။

ပေါက်ထားတဲ့ သတင်းတွေအရတော့ 5.9″ HD+ Display, 18:9 Ratio, RAM 1GB, Internal Storage 16GB နဲ့ microSD ကဒ်လည်း သုံးလို့ရမယ်လို့ သိရပါတယ်။ ကင်မရာပိုင်းမှာတော့ ကျောဘက်မှာ ကင်မရာ တစ်လုံးနဲ့ ရှေ့ဘက်မှာ 5MP Selfie ကင်မရာ တစ်လုံးပါမယ်လို့ သိထားရပါတယ်။

Android 9 Pie Go Edition နဲ့ ထွက်လာမှာဖြစ်ပြီး Android Go ဆိုတာကလည်း အားလုံးသိပြီးသားဖြစ်တဲ့အတိုင်း Storage အရမ်းနည်းတဲ့ Entry-Level စမတ်ဖုန်းတွေအတွက် အဆင်ပြေပြေသုံးလို့ရအောင် ထုတ်ပေးထားတဲ့ Edition ပါ။ Go Version မို့ဆိုပြီး ထိမ်ချန်ထားတာမျိုး မရှိဘဲ လက်ရှိ Android Pie တွေလို Security Feature တူတူကိုမှ ကောင်းကောင်း Run နိုင်အောင် ထောက်ပံ့ပေးထားမှာပါ။

Google ကိုယ်တိုင်ကလည်း ဒီ Go Edition အတွက် Google Go,Google Assistant Go, Gboard , File Go, Maps Go ဆိုပြီး မူရင်းဗားရှင်းကို ပေါ့ပါးအောင်ပြုပြင်ပြီး ဖန်တီးပေးထားပါသေးတယ်။ ဒီတော့ Android Go နဲ့ပွဲထွက်လာမယ့် Redmi Go လေးကိုမိတ်ဆက်မယ့် ရက်တော့အတိအကျမသိရသေးပေမယ့် မတ်လကုန်ကျရင်တော့ ထွက်လာလိမ့်မယ်လို့ မှန်းရပါတယ်။

Source: GizmoChina