[Zawgyi]

လြန္ခဲ့တဲ့ သုံးရက္ေလာက္ကပဲ Redmi ရဲ႕ Flagship ဟာ K20 ဆိုတဲ့နာမည္နဲ႔ ထြက္လာမယ္ဆိုတဲ့အေၾကာင္းကို အေထြေထြမန္ေနဂ်ာ Lu Weibing က Weibo မွာ ထုတ္ေျပာလိုက္ပါတယ္။ K series ဟာ Redmi ရဲ႕ အရည္အေသြးျမင့္ Flagship ေတြ အတြက္ျဖစ္ၿပီး “K” ဟာ Killer ကိုကိုယ္စားျပဳထားတာလည္း ျဖစ္ပါတယ္။

Snapdragon 855 chipset အသုံးျပဳထားတဲ့ Redmi ရဲ႕ Flagship Killer “K20” ဟာ နာမည္နဲ႔လိုက္ေအာင္ ဘယ္လိုစြမ္းေဆာင္ရည္ေတြ ပိုင္ဆိုင္ထားမလဲဆိုတာကို စိတ္ဝင္စားေနၾကတုန္းမွာ Weibing က K20 ရဲ႕ AnTuTu ရမွတ္ကို ထုတ္ႂကြားလိုက္ျပန္ပါတယ္။ အေသးစိတ္အခ်က္အလက္ေတြ ဘာမွမသိရေသးဘူးဆိုေပမယ့္ AnTuTu ရမွတ္ကလည္း စိတ္ဝင္စားစရာ ေကာင္းေနပါတယ္။

“Demon King” ဆိုတဲ့ နာမည္ေျပာင္နဲ႔ ဒီဖုန္းဟာ ရမွတ္ေပါင္း 458,754 မွတ္ ရရွိခဲ့တာကို ေတြ႕ျမင္ရပါတယ္။ လက္ရွိ Benchmark ရမွတ္အျမင့္ဆုံးက Xiaomi Mi 9 ျဖစ္ၿပီး 371,423 မွတ္ျဖစ္ပါတယ္။ ဒီဖုန္းႏွစ္လုံးၾကား ကြာျခားမႈကိုၾကည့္ျခင္းအားျဖင့္ K20 ဟာ UFS 3.0 storage သစ္နဲ႔ Superior cooling technology ကို သုံးထားမယ္လို႔ ယူဆရပါတယ္။

K20 ဟာ 6.39-inch FHD+ AMOLED display နဲ႔ျဖစ္ၿပီး Corning Gorilla Glass 6 အမ်ိဳးအစားလည္း ျဖစ္တယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ Built-in fingerprint scanner လည္း ပါဝင္မယ္လို႔ သိရပါတယ္။ 20MP selfie ကင္မရာဟာ Pop-up အမ်ိဳးအစားျဖစ္တာေၾကာင့္ မ်က္ႏွာျပင္ျပည့္ျဖစ္ၿပီး ထိပ္နဲ႔ ေအာက္ဘက္ Bezel ေတြက က်ဥ္းေျမာင္းသြားမွာ ျဖစ္ပါတယ္။

ေနာက္ထပ္ စိတ္ဝင္စားစရာအခ်က္ကေတာ့ ေက်ာဘက္မွာ 48MP အဓိကကင္မရာတပ္ဆင္ထားၿပီး 8MP ultra-wide နဲ႔ 16MP telephoto sensors ကင္မရာႏွစ္လုံးက ေထာက္ကူေပးထားမယ္ဆိုတာပါပဲ။ ဘက္ထရီပမာဏက 4,000mAh ျဖစ္ၿပီး 27W အျမန္အားသြင္းစနစ္ကို ေထာက္ပံ့ေပးထားမယ္လို႔လည္းသတင္းထြက္ေနပါတယ္။

တရားဝင္ Case လည္း ေပါက္ၾကားထြက္ေပၚလာၿပီးသားျဖစ္တဲ့ Redmi K20 ဟာ Carbon Black, Glacier Blue, နဲ႔ Flame Red ဆိုၿပီး အေရာင္သုံးမ်ိဳးနဲ႔ ထြက္လာမယ္လို႔လည္း သိရပါတယ္။

Ref: GSMArena

[Unicode]

Flagship Killer လို့ နာမည်ကြီးနေတဲ့ Redmi K20 ရဲ့ AnTuTu ရမှတ် ထွက်ပေါ်လာ

လွန်ခဲ့တဲ့ သုံးရက်လောက်ကပဲ Redmi ရဲ့ Flagship ဟာ K20 ဆိုတဲ့နာမည်နဲ့ ထွက်လာမယ်ဆိုတဲ့အကြောင်းကို အထွေထွေမန်နေဂျာ Lu Weibing က Weibo မှာ ထုတ်ပြောလိုက်ပါတယ်။ K series ဟာ Redmi ရဲ့ အရည်အသွေးမြင့် Flagship တွေ အတွက်ဖြစ်ပြီး “K” ဟာ Killer ကိုကိုယ်စားပြုထားတာလည်း ဖြစ်ပါတယ်။

Snapdragon 855 chipset အသုံးပြုထားတဲ့ Redmi ရဲ့ Flagship Killer “K20” ဟာ နာမည်နဲ့လိုက်အောင် ဘယ်လိုစွမ်းဆောင်ရည်တွေ ပိုင်ဆိုင်ထားမလဲဆိုတာကို စိတ်ဝင်စားနေကြတုန်းမှာ Weibing က K20 ရဲ့ AnTuTu ရမှတ်ကို ထုတ်ကြွားလိုက်ပြန်ပါတယ်။ အသေးစိတ်အချက်အလက်တွေ ဘာမှမသိရသေးဘူးဆိုပေမယ့် AnTuTu ရမှတ်ကလည်း စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

“Demon King” ဆိုတဲ့ နာမည်ပြောင်နဲ့ ဒီဖုန်းဟာ ရမှတ်ပေါင်း 458,754 မှတ် ရရှိခဲ့တာကို တွေ့မြင်ရပါတယ်။ လက်ရှိ Benchmark ရမှတ်အမြင့်ဆုံးက Xiaomi Mi 9 ဖြစ်ပြီး 371,423 မှတ်ဖြစ်ပါတယ်။ ဒီဖုန်းနှစ်လုံးကြား ကွာခြားမှုကိုကြည့်ခြင်းအားဖြင့် K20 ဟာ UFS 3.0 storage သစ်နဲ့ Superior cooling technology ကို သုံးထားမယ်လို့ ယူဆရပါတယ်။

K20 ဟာ 6.39-inch FHD+ AMOLED display နဲ့ဖြစ်ပြီး Corning Gorilla Glass 6 အမျိုးအစားလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Built-in fingerprint scanner လည်း ပါဝင်မယ်လို့ သိရပါတယ်။ 20MP selfie ကင်မရာဟာ Pop-up အမျိုးအစားဖြစ်တာကြောင့် မျက်နှာပြင်ပြည့်ဖြစ်ပြီး ထိပ်နဲ့ အောက်ဘက် Bezel တွေက ကျဉ်းမြောင်းသွားမှာ ဖြစ်ပါတယ်။

နောက်ထပ် စိတ်ဝင်စားစရာအချက်ကတော့ ကျောဘက်မှာ 48MP အဓိကကင်မရာတပ်ဆင်ထားပြီး 8MP ultra-wide နဲ့ 16MP telephoto sensors ကင်မရာနှစ်လုံးက ထောက်ကူပေးထားမယ်ဆိုတာပါပဲ။ ဘက်ထရီပမာဏက 4,000mAh ဖြစ်ပြီး 27W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးထားမယ်လို့လည်းသတင်းထွက်နေပါတယ်။

တရားဝင် Case လည်း ပေါက်ကြားထွက်ပေါ်လာပြီးသားဖြစ်တဲ့ Redmi K20 ဟာ Carbon Black, Glacier Blue, နဲ့ Flame Red ဆိုပြီး အရောင်သုံးမျိုးနဲ့ ထွက်လာမယ်လို့လည်း သိရပါတယ်။

Ref: GSMArena