[Zawgyi]

Redmi K20 Pro ထြက္ေနတာ နည္းနည္းေတာင္ၾကာေနျပီျဖစ္ၿပီး အလန္းစား Specs ေတြ ပါေပမယ့္ ေစ်းခ်ိဳတာေၾကာင့္ နာမည္ႀကီးပါတယ္။ အခုေတာ့ နာမည္ေက်ာ္ YouTuber JerryRigEverything က  အဲဒီ စမတ္ဖုန္းရဲ႕ အၾကမ္းခံမႈကို စမ္းသပ္တဲ့ ဗီဒီယိုကို မွ်ေ၀လိုက္ပါတယ္။

ပထမဆံုး Display ရဲ႕ အၾကမ္းခံမႈကို စမ္းသပ္ျပသထားၿပီး K20 Pro မွ Gorilla Glass 5 ရဲ႕ Display ဟာ Mohs ရဲ႕ မာေက်ာမႈ စံႏႈန္း အဆင့္ ၆ မွသာ ျခစ္ရာေတြ စထင္ခဲ့ပါတယ္။ စမတ္ဖုန္း အမ်ားစုဟာလည္း အဲဒီ အဆင့္ေရာက္မွသာ ျခစ္ရာထင္ေလ့ရွိပါတယ္။ ထိပ္မွ စပီကာ အေပါက္ကို သတၱဳနဲ႔ တည္ေဆာက္ထားပါတယ္။ Pop-up Camera ကို ပလတ္စတစ္နဲ႔ ျပဳလုပ္ထားၿပီး Lens ေတြကိုေတာ့ ဖန္နဲ႔ ကာကြယ္ထားပါတယ္။

ၾကမ္းၾကမ္းတမ္းတမ္း ဖ်က္ဆီးတာေတာင္ Pop-up Camera ဟာ ပ်က္ဆီးသြားျခင္း မရွိတာ ေတြ႕ရပါတယ္။ စမတ္ဖုန္းရဲ႕ ေဘးဘက္ေတြနဲ႔ ခလုတ္အားလံုးကို အလူမီနီယမ္နဲ႔ တည္ေဆာက္ထားတာ ျဖစ္ပါတယ္။ အေနာက္ဘက္ကိုလည္း Gorilla Glass 5 နဲ႔ ဖံုးအုပ္ထားပါတယ္။ Display ကို မီးနဲ႔ရိႈ႕တဲ့ စမ္းသပ္မႈကိုလည္း ေအာင္ျမင္ခဲ့ပါတယ္။

Optical Fingerprint Scanner ကို အဆင့္ ၇ နဲ႔ ဖ်က္ဆီးၿပီးေနာက္မွာေတာင္ အလုပ္ေကာင္းေကာင္းလုပ္ေနပါေသးတယ္။ အေနာက္ကင္မရာ ၃ လံုးကို ဖန္နဲ႔ ကာကြယ္ထားပါတယ္။ JerryRigEverything ဆိုေတာ့ စမတ္ဖုန္းကို ခ်ိဳးတဲ့ စမ္းသပ္မႈက မပါမျဖစ္ပါ။ K20 Pro ဟာ အဲဒီ စမ္းသပ္မႈကိုလည္း ေအာင္ျမင္စြာ ေက်ာ္ျဖတ္သြားႏိုင္ခဲ့ပါတယ္။

Ref : gsmarena

[Unicode]

Redmi K20 Pro ရဲ့ အကြမ်းခံမှုကို စမ်းသပ်တဲ့ ဗီဒီယိုထွက်ပေါ်လာ

Redmi K20 Pro ထွက်နေတာ နည်းနည်းတောင်ကြာနေပြီဖြစ်ပြီး အလန်းစား Specs တွေ ပါပေမယ့် ဈေးချိုတာကြောင့် နာမည်ကြီးပါတယ်။ အခုတော့ နာမည်ကျော် YouTuber JerryRigEverything က အဲဒီ စမတ်ဖုန်းရဲ့ အကြမ်းခံမှုကို စမ်းသပ်တဲ့ ဗီဒီယိုကို မျှဝေလိုက်ပါတယ်။

ပထမဆုံး Display ရဲ့ အကြမ်းခံမှုကို စမ်းသပ်ပြသထားပြီး K20 Pro မှ Gorilla Glass 5 ရဲ့ Display ဟာ Mohs ရဲ့ မာကျောမှု စံနှုန်း အဆင့် ၆ မှသာ ခြစ်ရာတွေ စထင်ခဲ့ပါတယ်။ စမတ်ဖုန်း အများစုဟာလည်း အဲဒီ အဆင့်ရောက်မှသာ ခြစ်ရာထင်လေ့ရှိပါတယ်။ ထိပ်မှ စပီကာ အပေါက်ကို သတ္တုနဲ့ တည်ဆောက်ထားပါတယ်။ Pop-up Camera ကို ပလတ်စတစ်နဲ့ ပြုလုပ်ထားပြီး Lens တွေကိုတော့ ဖန်နဲ့ ကာကွယ်ထားပါတယ်။

ကြမ်းကြမ်းတမ်းတမ်း ဖျက်ဆီးတာတောင် Pop-up Camera ဟာ ပျက်ဆီးသွားခြင်း မရှိတာ တွေ့ရပါတယ်။ စမတ်ဖုန်းရဲ့ ဘေးဘက်တွေနဲ့ ခလုတ်အားလုံးကို အလူမီနီယမ်နဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အနောက်ဘက်ကိုလည်း Gorilla Glass 5 နဲ့ ဖုံးအုပ်ထားပါတယ်။ Display ကို မီးနဲ့ရှို့တဲ့ စမ်းသပ်မှုကိုလည်း အောင်မြင်ခဲ့ပါတယ်။

Optical Fingerprint Scanner ကို အဆင့် ၇ နဲ့ ဖျက်ဆီးပြီးနောက်မှာတောင် အလုပ်ကောင်းကောင်းလုပ်နေပါသေးတယ်။ အနောက်ကင်မရာ ၃ လုံးကို ဖန်နဲ့ ကာကွယ်ထားပါတယ်။ JerryRigEverything ဆိုတော့ စမတ်ဖုန်းကို ချိုးတဲ့ စမ်းသပ်မှုက မပါမဖြစ်ပါ။ K20 Pro ဟာ အဲဒီ စမ်းသပ်မှုကိုလည်း အောင်မြင်စွာ ကျော်ဖြတ်သွားနိုင်ခဲ့ပါတယ်။

Ref : gsmarena