[Zawgyi]

Redmi K20 Pro ဟာ DxOMark ရဲ႕ ကင္မရာ စမ္းသပ္မႈမွာ အမွတ္ေကာင္းသြားပါတယ္။ စုစုေပါင္း ၁၀၂ မွတ္ ရခဲ့ၿပီး Pixel 3 နဲ႔ အမွတ္တူသြားပါတယ္။ iPhone XR ကို ၁ မွတ္ အသာနဲ႔ ေက်ာ္တက္သြားပါတယ္။ Redmi K20 Pro ဟာ ယူရို ၄၀၀ (၆၇၀,၀၀၀ ၀န္းက်င္)ပဲရွိၿပီး Pixel 3 နဲ႔ iPhone XR ထက္ ေစ်းသက္သာပါတယ္။

ရုပ္ေသ ဓါတ္ပံုအပိုင္းမွာ Redmi K20 Pro ဟာ ၁၀၈ မွတ္ရသြားၿပီး ၂၀၁၈ ခုႏွစ္ထုတ္ စြမ္းရည္ျမင့္ ဖုန္းေတြကို ရင္ေဘာင္တန္းလိုက္ႏုိင္ပါတယ္။ Galaxy Note 9 ဟာ ၁၀၇ မွတ္နဲ႔ iPhone XS Max က ၁၁၀ မွတ္ရထားတာ ျဖစ္ပါတယ္။

K20 Pro ရဲ႕ ကင္မရာဟာ ဘက္စံု ေကာင္းမြန္ပါတယ္။ ဒါေပမယ့္ Dynamic Range အကန္႔အသတ္ရွိတာနဲ႔ အေရာင္ အပိုင္းမွာ ျပႆနာေလးေတြရွိတာပဲ ေျပာစရာရွိပါတယ္။ ဒီလို အမွတ္မ်ားတာက Wide, Ultrawide နဲ႔ Telephoto Lenses ေတြ ေပါင္းစပ္ထားလို႔ ျဖစ္ပါတယ္။ တျခား ၿပိဳင္ဖက္ ဖုန္းေတြမွာ ဒီလိုပါတာ ရွားပါးပါတယ္။ အထူးသျဖင့္ Redmi K20 Pro လို ေစ်းသင့္တဲ့ ဖုန္းေတြမွာ ပါေလ့ သိပ္မရွိပါဘူး။ Pixel 3 နဲ႔ iPhone XR မွာ အဲဒီ ကင္မရာေတြ မပါတဲ့ အတြက္ အမွတ္နည္းသြားတာပါ။

K20 Pro ရဲ႕ 2x Telephoto Camera ကေတာ့ သာမာန္ေလာက္ပါပဲ။ Mi 9 နဲ႔ iPhone XS Max ေတြေလာက္ မေကာင္းပါဘူး။ ဗီဒီယို အပိုင္းမွာေတာ့ သိပ္မမိုက္ပါဘူး။ ၈၉ ပဲရထားၿပီး ၂၀၁၈ နဲ႔ ၂၀၁၉ ခုႏွစ္ထုတ္ စြမ္းရည္ျမင့္ ဖုန္းေတြထက္ နည္းသြားပါတယ္။

Ref : gsmarena

[Unicode]

DxOMark မှာ iPhone XR ထက် သာသွားတဲ့ Redmi K20 Pro

Redmi K20 Pro ဟာ DxOMark ရဲ့ ကင်မရာ စမ်းသပ်မှုမှာ အမှတ်ကောင်းသွားပါတယ်။ စုစုပေါင်း ၁၀၂ မှတ် ရခဲ့ပြီး Pixel 3 နဲ့ အမှတ်တူသွားပါတယ်။ iPhone XR ကို ၁ မှတ် အသာနဲ့ ကျော်တက်သွားပါတယ်။ Redmi K20 Pro ဟာ ယူရို ၄၀၀ (၆၇၀,၀၀၀ ဝန်းကျင်)ပဲရှိပြီး Pixel 3 နဲ့ iPhone XR ထက် ဈေးသက်သာပါတယ်။

ရုပ်သေ ဓါတ်ပုံအပိုင်းမှာ Redmi K20 Pro ဟာ ၁၀၈ မှတ်ရသွားပြီး ၂၀၁၈ ခုနှစ်ထုတ် စွမ်းရည်မြင့် ဖုန်းတွေကို ရင်ဘောင်တန်းလိုက်နိုင်ပါတယ်။ Galaxy Note 9 ဟာ ၁၀၇ မှတ်နဲ့ iPhone XS Max က ၁၁၀ မှတ်ရထားတာ ဖြစ်ပါတယ်။

K20 Pro ရဲ့ ကင်မရာဟာ ဘက်စုံ ကောင်းမွန်ပါတယ်။ ဒါပေမယ့် Dynamic Range အကန့်အသတ်ရှိတာနဲ့ အရောင် အပိုင်းမှာ ပြဿနာလေးတွေရှိတာပဲ ပြောစရာရှိပါတယ်။ ဒီလို အမှတ်များတာက Wide, Ultrawide နဲ့ Telephoto Lenses တွေ ပေါင်းစပ်ထားလို့ ဖြစ်ပါတယ်။ တခြား ပြိုင်ဖက် ဖုန်းတွေမှာ ဒီလိုပါတာ ရှားပါးပါတယ်။ အထူးသဖြင့် Redmi K20 Pro လို ဈေးသင့်တဲ့ ဖုန်းတွေမှာ ပါလေ့ သိပ်မရှိပါဘူး။ Pixel 3 နဲ့ iPhone XR မှာ အဲဒီ ကင်မရာတွေ မပါတဲ့ အတွက် အမှတ်နည်းသွားတာပါ။

K20 Pro ရဲ့ 2x Telephoto Camera ကတော့ သာမာန်လောက်ပါပဲ။ Mi 9 နဲ့ iPhone XS Max တွေလောက် မကောင်းပါဘူး။ ဗီဒီယို အပိုင်းမှာတော့ သိပ်မမိုက်ပါဘူး။ ၈၉ ပဲရထားပြီး ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်ထုတ် စွမ်းရည်မြင့် ဖုန်းတွေထက် နည်းသွားပါတယ်။

Ref : gsmarena