Zawgyi

Redmi K20 Pro စမတ္ဖုန္းကို ေစ်းကြက္ထဲ ပုိ႔လာတာ လအနည္းငယ္သာရွိေသးေပမယ့္ ကုမၸဏီကေတာ့ ဒီဖုန္းရဲ႕ ပုိၿပီး Upgrade ျဖစ္တဲ့ ဗားရွင္းအျဖစ္ K20 Pro Premium ကို ထပ္မံမိတ္ဆက္လိုက္ပါၿပီ။ အသိသာဆုံးေျပာင္းလဲမႈက ေနာက္ဆုံးေပၚ Snapdragon 855+ ခ်စ္ပ္ဆက္ကို လဲလွယ္လိုက္တာျဖစ္ၿပီး မူရင္း K20 Pro မွာပါတဲ့ SD855 နဲ႔ ယွဥ္လိုက္ရင္ GPU အပုိင္းမွာ 15% စြမ္းေဆာင္ရည္ပုိေကာင္းမွာျဖစ္ပါတယ္။

ဒါတင္မကေသးဘဲ မန္မုိရီပုိင္းမွာလည္း လက္ရွိစမတ္ဖုန္းေစ်းကြက္ထဲမွာ အျမင့္ဆုံးလို႔ ဆုိရမယ့္ 12GB RAM နဲ႔ 512GB Storage အတြဲကို ထည့္သြင္းလာတဲ့ Exclusive ဗားရွင္းစမတ္ဖုန္းသစ္ဟာ Avengers Edition Redmi K20 Pro နဲ႔ တူညီတဲ့ အနားသတ္ပုံဒီဇုိင္းပါဝင္ပါတယ္။ ေနာက္ဆုံးေပၚ MIUI 11 ကိုလည္း တန္းအသုံးျပဳႏုိင္မွာျဖစ္ၿပီး Thermal ခန္႔ခြဲမႈ ပိုေကာင္းတဲ့ အေအးေပးစနစ္သစ္ကိုလည္း ထည့္သြင္းေပးထားတယ္။

က်န္တဲ့အပုိင္းေတြကေတာ့ ပုံမွန္ K20 Pro နဲ႔အတူတူပဲျဖစ္ၿပီး 6.39” AMOLED Display နဲ႔ 20MP Pop-up ဆယ္ဖီ ကင္မရာပါဝင္တယ္။ ေနာက္က Triple-camera မွာ အဓိက 48MP ကို 8MP Telephoto, 13MP Ultrawide Sensor မ်ားနဲ႔ ဝန္းရံထားပါတယ္။ ဘကၳရီကေတာ့ 4,000 mAh ျဖစ္ၿပီး 27W အားအျမန္သြင္းစနစ္ပါဝင္တယ္။

Redmi K20 Pro Premium ရဲ႕ေစ်းခ်ဳိတဲ့ဗားရွင္းက 8GB / 128GB အတြဲျဖစ္ၿပီး တရုတ္ယြမ္ေငြ ၂၆၉၉ (ျမန္မာေငြ ငါးသိန္းရွစ္ေသာင္းေက်ာ္) သာက်ပါတယ္။ Storage ပိုမ်ားတဲ့ 8/512 GB ေမာ္ဒယ္ဆုိရင္ ယြမ္ ၂၉၉၉ (ျမန္မာေငြ ေျခာက္သိန္းခြဲနီးပါး) သာက်သင့္မွာပါ။ အျမင့္ဆုံးျဖစ္တဲ့ 12/512 GB ကိုေတာင္ တရုတ္ယြမ္ ၃၁၉၉ (ျမန္မာေငြ ၇ သိန္းနီးပါး) သာ ေပးရမွာျဖစ္ပါတယ္။ ဒီဖုန္းဟာ တရုတ္ေစ်းကြက္ထဲကိုေတာ့ စက္တင္ဘာ ၂၃ ရက္ေန႔မွာ စတင္ဝင္ေရာက္လာေတာ့မွာပါ။

Ref – GSM Arena

Unicode

Redmi K20 Pro စမတ်ဖုန်းကို ဈေးကွက်ထဲ ပို့လာတာ လအနည်းငယ်သာရှိသေးပေမယ့် ကုမ္ပဏီကတော့ ဒီဖုန်းရဲ့ ပိုပြီး Upgrade ဖြစ်တဲ့ ဗားရှင်းအဖြစ် K20 Pro Premium ကို ထပ်မံမိတ်ဆက်လိုက်ပါပြီ။ အသိသာဆုံးပြောင်းလဲမှုက နောက်ဆုံးပေါ် Snapdragon 855+ ချစ်ပ်ဆက်ကို လဲလှယ်လိုက်တာဖြစ်ပြီး မူရင်း K20 Pro မှာပါတဲ့ SD855 နဲ့ ယှဉ်လိုက်ရင် GPU အပိုင်းမှာ 15% စွမ်းဆောင်ရည်ပိုကောင်းမှာဖြစ်ပါတယ်။

ဒါတင်မကသေးဘဲ မန်မိုရီပိုင်းမှာလည်း လက်ရှိစမတ်ဖုန်းဈေးကွက်ထဲမှာ အမြင့်ဆုံးလို့ ဆိုရမယ့် 12GB RAM နဲ့ 512GB Storage အတွဲကို ထည့်သွင်းလာတဲ့ Exclusive ဗားရှင်းစမတ်ဖုန်းသစ်ဟာ Avengers Edition Redmi K20 Pro နဲ့ တူညီတဲ့ အနားသတ်ပုံဒီဇိုင်းပါဝင်ပါတယ်။ နောက်ဆုံးပေါ် MIUI 11 ကိုလည်း တန်းအသုံးပြုနိုင်မှာဖြစ်ပြီး Thermal ခန့်ခွဲမှု ပိုကောင်းတဲ့ အအေးပေးစနစ်သစ်ကိုလည်း ထည့်သွင်းပေးထားတယ်။

ကျန်တဲ့အပိုင်းတွေကတော့ ပုံမှန် K20 Pro နဲ့အတူတူပဲဖြစ်ပြီး 6.39” AMOLED Display နဲ့ 20MP Pop-up ဆယ်ဖီ ကင်မရာပါဝင်တယ်။ နောက်က Triple-camera မှာ အဓိက 48MP ကို 8MP Telephoto, 13MP Ultrawide Sensor များနဲ့ ဝန်းရံထားပါတယ်။ ဘက္ထရီကတော့ 4,000 mAh ဖြစ်ပြီး 27W အားအမြန်သွင်းစနစ်ပါဝင်တယ်။

Redmi K20 Pro Premium ရဲ့ဈေးချိုတဲ့ဗားရှင်းက 8GB / 128GB အတွဲဖြစ်ပြီး တရုတ်ယွမ်ငွေ ၂၆၉၉ (မြန်မာငွေ ငါးသိန်းရှစ်သောင်းကျော်) သာကျပါတယ်။ Storage ပိုများတဲ့ 8/512 GB မော်ဒယ်ဆိုရင် ယွမ် ၂၉၉၉ (မြန်မာငွေ ခြောက်သိန်းခွဲနီးပါး) သာကျသင့်မှာပါ။ အမြင့်ဆုံးဖြစ်တဲ့ 12/512 GB ကိုတောင် တရုတ်ယွမ် ၃၁၉၉ (မြန်မာငွေ ၇ သိန်းနီးပါး) သာ ပေးရမှာဖြစ်ပါတယ်။ ဒီဖုန်းဟာ တရုတ်ဈေးကွက်ထဲကိုတော့ စက်တင်ဘာ ၂၃ ရက်နေ့မှာ စတင်ဝင်ရောက်လာတော့မှာပါ။

Ref – GSM Arena