Zawgyi

Xiaomi ရဲ႕ Redmi K20 နဲ႔ K20 Pro စမတ္ဖုန္းစီးရီးဟာ ေနာက္ထပ္ေအာင္ျမင္မႈမုိင္တုိင္တစ္ခုကို ေရာက္ရွိခဲ့ၿပီး တစ္ကမာၻလုံးမွာ စုစုေပါင္းအလုံးေရ သုံးသန္းေက်ာ္ေရာင္းခ်ႏုိင္ခဲ့ၿပီျဖစ္ပါတယ္။ ဇူလိုင္လက Redmi K20 စီးရီးဟာ ပထမဆုံးမုိင္တုိင္အျဖစ္ အလုံးေရတစ္သန္းေရာင္းခ်ခဲ့ရၿပီးေနာက္ ထြက္ရွိၿပီးေလးလအၾကာမွာ အခုလို ေနာက္ထပ္ေအာင္ျမင္မႈတစ္ခုကို ေရးထိုးႏုိင္ခဲ့တာပါ။

အခုလိုေအာင္ျမင္မႈအျပင္ Redmi K20 စီးရီးဝင္အသစ္တစ္ေယာက္အေနနဲ႔ Redmi K20 Pro ရဲ႕ အထူး Exclusive Edition တစ္ခုကို ထပ္မံမိတ္ဆက္လာဖို႔ကိုလည္း Tease လုပ္လာခဲ့ၿပီး လာမယ့္ စက္တင္ဘာလ ၁၉ ရက္ေန႔မွာ ဖြင့္ခ်ျပသြားမွာပါ။ သူတုိ႔တင္ထားတဲ့ Teaser ပုိစတာအရေတာ့ ဖုန္းအသစ္ဟာ ပိုျမန္တဲ့ စြမ္းေဆာင္ရည္၊ Cooling စနစ္နဲ႔ ခံႏုိင္ရည္ပိုရွည္လာမယ္လို႔ ယူဆရပါတယ္။

အသစ္ထြက္လာမယ့္ ဗားရွင္းကို အထူးဇိမ္ခံဗားရွင္းျဖစ္တဲ့ K20 Pro Signature Edition နဲ႔ေတာ့ မမွားေစလိုပါဘူး။ Signature Edition ဟာ ေနာက္ဘက္မွာ ေရႊသားစစ္စစ္ကိုယ္ထည္နဲ႔ စိန္ျဖင့္ျပဳလုပ္ထားတဲ့ လုိဂုိတံဆိပ္တုိ႔ ပါဝင္ကာ ရူပီး ၄၈၀၀၀၀ (ျမန္မာေငြသိန္းတစ္ရာခန္႔) က်သင့္တဲ့ အထူးဗားရွင္းတစ္ခုပါ။

Xiaomi ရဲ႕ GM ျဖစ္သူ Lu Weibing ကေတာ့ သူ႕ရဲ႕ Weibo အေကာင့္မွာ Exclusive Edition အသစ္ဟာ ေနာက္ဆုံးေပၚ Snapdragon 855+ ခ်စ္ပ္ဆက္အသုံးျပဳလာမယ္လို႔ ေရးသားခဲ့ပါတယ္။ ခန္႔မွန္းသတင္းေတြသာ မွန္ကန္ခဲ့ရင္ 12GB RAM မန္မုိရီနဲ႔တြဲဖက္လာမွာျဖစ္ၿပီး ပိုေကာင္းမြန္လာမယ့္ Cooling စနစ္နဲ႔ အနည္းငယ္ ဒီဇုိင္းေျပာင္းလဲထားတဲ့ ေက်ာဘက္ကိုယ္ထည္တုိ႔ကို ျမင္ရမွာပါ။

Ref – GSM Arena

Unicode

Xiaomi ရဲ့ Redmi K20 နဲ့ K20 Pro စမတ်ဖုန်းစီးရီးဟာ နောက်ထပ်အောင်မြင်မှုမိုင်တိုင်တစ်ခုကို ရောက်ရှိခဲ့ပြီး တစ်ကမ္ဘာလုံးမှာ စုစုပေါင်းအလုံးရေ သုံးသန်းကျော်ရောင်းချနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဇူလိုင်လက Redmi K20 စီးရီးဟာ ပထမဆုံးမိုင်တိုင်အဖြစ် အလုံးရေတစ်သန်းရောင်းချခဲ့ရပြီးနောက် ထွက်ရှိပြီးလေးလအကြာမှာ အခုလို နောက်ထပ်အောင်မြင်မှုတစ်ခုကို ရေးထိုးနိုင်ခဲ့တာပါ။

အခုလိုအောင်မြင်မှုအပြင် Redmi K20 စီးရီးဝင်အသစ်တစ်ယောက်အနေနဲ့ Redmi K20 Pro ရဲ့ အထူး Exclusive Edition တစ်ခုကို ထပ်မံမိတ်ဆက်လာဖို့ကိုလည်း Tease လုပ်လာခဲ့ပြီး လာမယ့် စက်တင်ဘာလ ၁၉ ရက်နေ့မှာ ဖွင့်ချပြသွားမှာပါ။ သူတို့တင်ထားတဲ့ Teaser ပိုစတာအရတော့ ဖုန်းအသစ်ဟာ ပိုမြန်တဲ့ စွမ်းဆောင်ရည်၊ Cooling စနစ်နဲ့ ခံနိုင်ရည်ပိုရှည်လာမယ်လို့ ယူဆရပါတယ်။

အသစ်ထွက်လာမယ့် ဗားရှင်းကို အထူးဇိမ်ခံဗားရှင်းဖြစ်တဲ့ K20 Pro Signature Edition နဲ့တော့ မမှားစေလိုပါဘူး။ Signature Edition ဟာ နောက်ဘက်မှာ ရွှေသားစစ်စစ်ကိုယ်ထည်နဲ့ စိန်ဖြင့်ပြုလုပ်ထားတဲ့ လိုဂိုတံဆိပ်တို့ ပါဝင်ကာ ရူပီး ၄၈၀၀၀၀ (မြန်မာငွေသိန်းတစ်ရာခန့်) ကျသင့်တဲ့ အထူးဗားရှင်းတစ်ခုပါ။

Xiaomi ရဲ့ GM ဖြစ်သူ Lu Weibing ကတော့ သူ့ရဲ့ Weibo အကောင့်မှာ Exclusive Edition အသစ်ဟာ နောက်ဆုံးပေါ် Snapdragon 855+ ချစ်ပ်ဆက်အသုံးပြုလာမယ်လို့ ရေးသားခဲ့ပါတယ်။ ခန့်မှန်းသတင်းတွေသာ မှန်ကန်ခဲ့ရင် 12GB RAM မန်မိုရီနဲ့တွဲဖက်လာမှာဖြစ်ပြီး ပိုကောင်းမွန်လာမယ့် Cooling စနစ်နဲ့ အနည်းငယ် ဒီဇိုင်းပြောင်းလဲထားတဲ့ ကျောဘက်ကိုယ်ထည်တို့ကို မြင်ရမှာပါ။

Ref – GSM Arena