[Zawgyi]

ဘက္ဂ်က္စမတ္ဖုန္းေလာကမွာ နာမည္ၾကီးေနရာရေနခဲ့တဲ့ Redmi ကေန Flagship ဖုန္းအသစ္တစ္လံုး ထြက္မယ့္အေၾကာင္း မၾကာေသးခင္ကပဲ  အတည္ျပဳခဲ့ျပီးပါျပီ။

Redmi K20 လို႔ေခၚမယ့္ Redmi ရဲ႕ ပထမဆံုး Flagship ဖုန္းေလးကို ေမလကုန္မွာ မိတ္ဆက္သြားေတာ့မွာပါ။ ဒါေပမယ့္ မိတ္ဆက္ပြဲမတုိင္ခင္မွာတင္ကို Redmi K20 ရဲ႕ Specification ေတြက တရုတ္ဝဘ္ဆုိဒ္ Weibo မွာ ေပါက္ၾကားလာခဲ့ပါျပီ။

ေပါက္ၾကားလာတဲ့အခ်က္ေတြအရ Redmi K20 မွာ 6.39” OLED Display ကိုမွ 1080×2340 pixels ရိွတဲ့ Full HD+ Resolution နဲ႔ လာမွာျဖစ္ပါတယ္။ Notch လည္း မပါေတာ့ဘဲနဲ႔ 19.5:9 နဲ႔ ထြက္လာမွာပါ။

Battery ကေတာ့ 4,000mAh Battery သံုးထားျပီး 27W အားသြင္းအျမန္စနစ္ကို ေထာက္ပံ့ေပးထားမွာျဖစ္ပါတယ္။

ကင္မရာပိုင္းမွာေတာ့ ေရွ႕ဘက္ Selfie ကင္မရာက 20MP (f/2.0 aperture) ျဖစ္ျပီး Pop-Up ကင္မရာအေနနဲ႔ ထြက္လာမွာျဖစ္ပါတယ္။

ေနာက္ေက်ာဘက္မွာေတာ့ ကင္မရာ ၃လံုး တပ္ဆင္ထားျပီး 48MP ( f/1.7 Aperture) ရိွတဲ့ Main Sensor, 13MP(f/2.4 Aperture) ရိွတဲ့ SuperWide Lens နဲ႔ 8MP (f/2.4 Aperture) ရိွတဲ့ Telephoto Lens ကုိ အသံုးျပဳထားပါတယ္။

Geekbench, GFXBench နဲ႔ တျခား BenchMark Platform ေတြမွာလည္း Redmi K20 ရဲ႕ ရမွတ္ေတြ ထြက္ရိွခဲ့ျပီးသားပါပဲ။ အခုထိမသိရေသးတာကေတာ့ K20 မွာ ေက်ာဘက္ Fingerprint Reader နဲ႔ပဲ လာမလား ဒါမွမဟုတ္ in-Screen Fingerprint Sensor နဲ႔မ်ား လာမလား ဆိုတာပါပဲ။

Redmi K20 မွာ Chipset ကိုေတာ့ Qualcomm ရဲ႕ လက္ရိွအေကာင္းဆံုးျဖစ္တဲ့ Snapdragon 855 ကို သံုးထားျပီး AnTuTu မွာ ရမွတ္ 458,754 ေတာင္ ရရိွထားတာျဖစ္ပါတယ္။ ထြက္လာတဲ့ Leak ထဲမွာေတာ့ UFS 2.1 Storage နဲ႔ LPDR4X RAM ကို သံုးထားတယ္လို႔ပဲ ေဖာ္ျပထားပါတယ္။

မၾကာေသးခင္က ထြက္ထားတဲ့ ေဖာ္ျပခ်က္တစ္ခုမွာေတာ့ Redmi အေနနဲ႔ Flagship ဖုန္း ၂လံုး မိတ္ဆက္သြားမွာျဖစ္ျပီး Redmi K20 နဲ႔ Redmi K20 Pro ေတြျဖစ္မယ္လို႔ ေဖာ္ျပဖူးပါတယ္။ Memory ပမာဏေတြအေနနဲ႔ 6GB RAM+ 64GB Storage, 6GB RAM+ 128GB Storage, 8GB RAM+ 128GB Storage နဲ႔ 8GB RAM+ 256GB Storage ဆိုျပီး ထြက္ရိွလာႏုိင္ပါတယ္။

အေရာင္ေတြအေနနဲ႔ကေတာ့ Carbon Fiber, Blue နဲ႔ Red ဆိုျပီး ေရြးလို႔ရႏုိင္မယ္လို႔ ခန္႔မွန္းရျပီး ခုခ်ိန္ထိေတာ့ ေစ်းဘယ္ေလာက္ရိွမယ္ဆိုတာ မသိရေသးပါဘူး။

Source: GizmoChina

[Unicode]
ဘက်ဂျက်စမတ်ဖုန်းလောကမှာ နာမည်ကြီးနေရာရနေခဲ့တဲ့ Redmi ကနေ Flagship ဖုန်းအသစ်တစ်လုံး ထွက်မယ့်အကြောင်း မကြာသေးခင်ကပဲ  အတည်ပြုခဲ့ပြီးပါပြီ။

Redmi K20 လို့ခေါ်မယ့် Redmi ရဲ့ ပထမဆုံး Flagship ဖုန်းလေးကို မေလကုန်မှာ မိတ်ဆက်သွားတော့မှာပါ။ ဒါပေမယ့် မိတ်ဆက်ပွဲမတိုင်ခင်မှာတင်ကို Redmi K20 ရဲ့ Specification တွေက တရုတ်ဝဘ်ဆိုဒ် Weibo မှာ ပေါက်ကြားလာခဲ့ပါပြီ။

ပေါက်ကြားလာတဲ့အချက်တွေအရ Redmi K20 မှာ 6.39” OLED Display ကိုမှ 1080×2340 pixels ရှိတဲ့ Full HD+ Resolution နဲ့ လာမှာဖြစ်ပါတယ်။ Notch လည်း မပါတော့ဘဲနဲ့ 19.5:9 နဲ့ ထွက်လာမှာပါ။

Battery ကတော့ 4,000mAh Battery သုံးထားပြီး 27W အားသွင်းအမြန်စနစ်ကို ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။

ကင်မရာပိုင်းမှာတော့ ရှေ့ဘက် Selfie ကင်မရာက 20MP (f/2.0 aperture) ဖြစ်ပြီး Pop-Up ကင်မရာအနေနဲ့ ထွက်လာမှာဖြစ်ပါတယ်။

နောက်ကျောဘက်မှာတော့ ကင်မရာ ၃လုံး တပ်ဆင်ထားပြီး 48MP ( f/1.7 Aperture) ရှိတဲ့ Main Sensor, 13MP(f/2.4 Aperture) ရှိတဲ့ SuperWide Lens နဲ့ 8MP (f/2.4 Aperture) ရှိတဲ့ Telephoto Lens ကို အသုံးပြုထားပါတယ်။

Geekbench, GFXBench နဲ့ တခြား BenchMark Platform တွေမှာလည်း Redmi K20 ရဲ့ ရမှတ်တွေ ထွက်ရှိခဲ့ပြီးသားပါပဲ။ အခုထိမသိရသေးတာကတော့ K20 မှာ ကျောဘက် Fingerprint Reader နဲ့ပဲ လာမလား ဒါမှမဟုတ် in-Screen Fingerprint Sensor နဲ့များ လာမလား ဆိုတာပါပဲ။

Redmi K20 မှာ Chipset ကိုတော့ Qualcomm ရဲ့ လက်ရှိအကောင်းဆုံးဖြစ်တဲ့ Snapdragon 855 ကို သုံးထားပြီး AnTuTu မှာ ရမှတ် 458,754 တောင် ရရှိထားတာဖြစ်ပါတယ်။ ထွက်လာတဲ့ Leak ထဲမှာတော့ UFS 2.1 Storage နဲ့ LPDR4X RAM ကို သုံးထားတယ်လို့ပဲ ဖော်ပြထားပါတယ်။

မကြာသေးခင်က ထွက်ထားတဲ့ ဖော်ပြချက်တစ်ခုမှာတော့ Redmi အနေနဲ့ Flagship ဖုန်း ၂လုံး မိတ်ဆက်သွားမှာဖြစ်ပြီး Redmi K20 နဲ့ Redmi K20 Pro တွေဖြစ်မယ်လို့ ဖော်ပြဖူးပါတယ်။ Memory ပမာဏတွေအနေနဲ့ 6GB RAM+ 64GB Storage, 6GB RAM+ 128GB Storage, 8GB RAM+ 128GB Storage နဲ့ 8GB RAM+ 256GB Storage ဆိုပြီး ထွက်ရှိလာနိုင်ပါတယ်။

အရောင်တွေအနေနဲ့ကတော့ Carbon Fiber, Blue နဲ့ Red ဆိုပြီး ရွေးလို့ရနိုင်မယ်လို့ ခန့်မှန်းရပြီး ခုချိန်ထိတော့ ဈေးဘယ်လောက်ရှိမယ်ဆိုတာ မသိရသေးပါဘူး။

Source: GizmoChina