[Zawgyi]

Redmi ဟာ K20 Pro ရဲ႕ Limited Edition စမတ္ဖုန္းကို ထုတ္ျပလိုက္ပါတယ္။ အဆိုပါ စမတ္ဖုန္းကို Redmi K20 Pro Marvel Hero Limited Edition လို႔ ကင္ပြန္းထားၿပီး Marvel ရဲ႕ သူရဲေကာင္းေတြကို ခ်ီးက်ဴးဂုဏ္ျပဳတဲ့အေနနဲ႔ ထုတ္လုပ္ထားတယ္လို႔ ဆိုပါတယ္။

႐ိုး႐ိုး Redmi K20 Pro နဲ႔ Redmi K20 Pro Marvel Hero Limited Edition တို႔ကြာျခားသြားတဲ့ အဓိကအခ်က္ကေတာ့ ေနာက္ေက်ာဘက္ဒီဇိုင္း ျဖစ္ပါတယ္။ Limited Edition ရဲ႕ ေနာက္ေက်ာဘက္ဒီဇိုင္းက ႐ိုး႐ိုးဗားရွင္းလိုမ်ိဴး Gradient အေရာင္ေျပးဒီဇိုင္း မဟုတ္ေတာ့ဘဲ Iron Man မ်က္ႏွာဖုံးဒီဇိုင္းနဲ႔ ျဖစ္သြားပါတယ္။ ဒါ့အျပင္ Avenger အမွတ္တံဆိပ္ပါ အျပာေရာင္ ဖုန္းကာဗာတစ္ခုနဲ႔ Iron Man Theme ေတြကိုလည္း ထည့္သြင္းေပးထားတာ ေတြ႕ရပါတယ္။

Marvel Hero Limited Edition စမတ္ဖုန္းကို တ႐ုတ္ႏိုင္ငံမွာပဲ ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။ ဒါေပမယ့္ စတင္ေရာင္းခ်မယ့္ေန႔ရက္ နဲ႔ ေစ်းႏႈန္းေတြကိုေတာ့ Redmi ဘက္က ထုတ္ျပန္ေၾကညာထားျခင္း မရွိေသးပါဘူး။ Specifications ေတြကေတာ့ ႐ိုး႐ိုး Redmi K20 လိုမ်ိဴး Snapdragon 855 SoC, 6.39” Notch-less AMOLED Display , Triple Camera (48MP + 13MP + 8MP) , 20MP Pop-up Selfie Camera နဲ႔ 4000mAh Battery ေတြ ပါဝင္လာႏိုင္ပါတယ္။

Ref : Gadgets.ndtv, GsmArena

[Unicode]

Redmi K20 Pro Marvel Hero Limited Edition စမတ်ဖုန်း ထွက်ရှိမည်

Redmi ဟာ K20 Pro ရဲ့ Limited Edition စမတ်ဖုန်းကို ထုတ်ပြလိုက်ပါတယ်။ အဆိုပါ စမတ်ဖုန်းကို Redmi K20 Pro Marvel Hero Limited Edition လို့ ကင်ပွန်းထားပြီး Marvel ရဲ့ သူရဲကောင်းတွေကို ချီးကျူးဂုဏ်ပြုတဲ့အနေနဲ့ ထုတ်လုပ်ထားတယ်လို့ ဆိုပါတယ်။

ရိုးရိုး Redmi K20 Pro နဲ့ Redmi K20 Pro Marvel Hero Limited Edition တို့ကွာခြားသွားတဲ့ အဓိကအချက်ကတော့ နောက်ကျောဘက်ဒီဇိုင်း ဖြစ်ပါတယ်။ Limited Edition ရဲ့ နောက်ကျောဘက်ဒီဇိုင်းက ရိုးရိုးဗားရှင်းလိုမျိူး Gradient အရောင်ပြေးဒီဇိုင်း မဟုတ်တော့ဘဲ Iron Man မျက်နှာဖုံးဒီဇိုင်းနဲ့ ဖြစ်သွားပါတယ်။ ဒါ့အပြင် Avenger အမှတ်တံဆိပ်ပါ အပြာရောင် ဖုန်းကာဗာတစ်ခုနဲ့ Iron Man Theme တွေကိုလည်း ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။

Marvel Hero Limited Edition စမတ်ဖုန်းကို တရုတ်နိုင်ငံမှာပဲ ရောင်းချသွားမယ်လို့ သိရပါတယ်။ ဒါပေမယ့် စတင်ရောင်းချမယ့်နေ့ရက် နဲ့ စျေးနှုန်းတွေကိုတော့ Redmi ဘက်က ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပါဘူး။ Specifications တွေကတော့ ရိုးရိုး Redmi K20 လိုမျိူး Snapdragon 855 SoC, 6.39” Notch-less AMOLED Display , Triple Camera (48MP + 13MP + 8MP) , 20MP Pop-up Selfie Camera နဲ့ 4000mAh Battery တွေ ပါဝင်လာနိုင်ပါတယ်။

Ref : Gadgets.ndtv, GsmArena