[Zawgyi]

အားလုံး ေမွ်ာ္လင့္ေစာင့္စားေနတဲ့ K20 စီးရီးကို Redmi ကေတာ့ တရားဝင္ မိတ္ဆက္လိုက္ပါၿပီ။ ေကာလဟလသတင္းေတြ ထြက္ခဲ့တဲ့အတိုင္းပဲ Snapdragon 730 အသုံးျပဳ Redmi K20 နဲ႔ Snapdragon 855 အသုံးျပဳ Redmi K20 Pro ဆိုၿပီး ၂မ်ိဴး မိတ္ဆက္သြားတာပါ။

Redmi K20 Pro
6.39” AMOLED Display ကို အသုံးျပဳထားၿပီး Resolution က 1080 x 2340 pixels ရွိပါတယ္။ ေနာက္ေက်ာက္ဘက္ ကင္မရာအပိုင္းအတြက္ 48MP Main Camera ကို 13MP Wide-angle + 8MP Telephoto Lens ေတြနဲ႔ ေပါင္းစပ္တပ္ဆင္ထားၿပီး Selfie အတြက္ 20MP Pop up Camera ကို ထည့္သြင္းတပ္ဆင္ထားပါတယ္။ လုံၿခဳံေရးအပိုင္းအတြက္ 7th Gen In-display Fingerprint Sensor ကို အသုံးျပဳထားမွာပါ။ ဘက္ထရီ သိုေလွာင္မႈ ပမာဏ 4000mAh ပါဝင္ၿပီး USB Type-C ကေနတစ္ဆင့္ 27W အျမန္အားသြင္းစနစ္ကို အသုံးျပဳႏိုင္မယ္လို႔ ဆိုပါတယ္။

ေစ်းႏႈန္းေတြအေနနဲ႔ RAM 6GB/ Storage 64GB ေမာ္ဒယ္အတြက္ တ႐ုတ္ေငြ ၂၄၉၉ ယြမ္ ( ျမန္မာေငြ ၅သိန္းခြဲ ဝန္းက်င္)၊ RAM 6GB / Storage 128GB ေမာ္ဒယ္အတြက္ တ႐ုတ္ေငြ ၂၅၉၉ ယြမ္ ( ျမန္မာေငြ ၅၇၅,၀၀၀ က်ပ္ ဝန္းက်င္)၊ RAM 8GB / Storage 128GB ေမာ္ဒယ္အတြက္ တ႐ုတ္ေငြ ၂၇၉၉ ယြမ္ ( ျမန္မာေငြ ၆၂၀,၀၀၀ က်ပ္ ဝန္းက်င္)၊ RAM 8GB / Storage 256GB ေမာ္ဒယ္အတြက္ တ႐ုတ္ေငြ ၂၉၉၉ ယြမ္ ( ျမန္မာေငြ ၆၆၄,၀၀၀ က်ပ္ ဝန္းက်င္) ဆိုၿပီး အသီးသီး က်သင့္မွာပါ။

Redmi K20
Snapdragon 730 SoC ကို အသုံးျပဳထားတဲ့ စမတ္ဖုန္းပါ။ ကင္မရာအပိုင္းမွာ Redmi K20 Pro လိုမ်ိဴး 48MP Sony IMX586 Sensor ကို အသုံးျပဳထားတာ မဟုတ္ဘဲ 48MP Sony IMX582 Sensor ကိုသာ အသုံးျပဳထားတယ္လို႔ သိရပါတယ္။ က်န္တဲ့ အပိုင္းေတြကေတာ့ အတူတူပါပဲ။ ဒါေပမယ့္ အျမန္အားသြင္းစနစ္မွာေတာ့ Redmi K20 က 18W အထိပဲ ေထာက္ပံ့ေပးႏိုင္တယ္လို႔ ဆိုပါတယ္။

ေမာ္ဒယ္ ၂မ်ိဴးစလုံးမွာ MicroSD Card ထပ္စိုက္လို႔ မရေပမယ့္ 3.5mm Jack ကိုေတာ့ တပ္ဆင္ေပးထားတယ္လို႔ သိရပါတယ္။ Redmi K20 ရဲ႕ RAM 6GB / Storage 64GB ေမာ္ဒယ္ကို တ႐ုတ္ေငြ ၁၉၉၉ ယြမ္ ( ျမန္မာေငြ ၄၄၂,၀၀၀ က်ပ္ ဝန္းက်င္ ) နဲ႔ ေရာင္းခ်သြားမွာ ျဖစ္ၿပီး RAM 6GB / Storage 128GB ေမာ္ဒယ္ကို တ႐ုတ္ေငြ ၂၀၉၉ ယြမ္ ( ျမန္မာေငြ ၄၆၅,၀၀၀ က်ပ္ ဝန္းက်င္) နဲ႔ ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။

Ref : Xda-developer

[Unicode]

လုံးဝကို ထင်မှတ်မထားတဲ့ စျေးနှုန်းတွေနဲ့ ပွဲထွက်လာတဲ့ Redmi K20 စီးရီး

အားလုံး မျှော်လင့်စောင့်စားနေတဲ့ K20 စီးရီးကို Redmi ကတော့ တရားဝင် မိတ်ဆက်လိုက်ပါပြီ။ ကောလဟလသတင်းတွေ ထွက်ခဲ့တဲ့အတိုင်းပဲ Snapdragon 730 အသုံးပြု Redmi K20 နဲ့ Snapdragon 855 အသုံးပြု Redmi K20 Pro ဆိုပြီး ၂မျိူး မိတ်ဆက်သွားတာပါ။

Redmi K20 Pro
6.39” AMOLED Display ကို အသုံးပြုထားပြီး Resolution က 1080 x 2340 pixels ရှိပါတယ်။ နောက်ကျောက်ဘက် ကင်မရာအပိုင်းအတွက် 48MP Main Camera ကို 13MP Wide-angle + 8MP Telephoto Lens တွေနဲ့ ပေါင်းစပ်တပ်ဆင်ထားပြီး Selfie အတွက် 20MP Pop up Camera ကို ထည့်သွင်းတပ်ဆင်ထားပါတယ်။ လုံခြုံရေးအပိုင်းအတွက် 7th Gen In-display Fingerprint Sensor ကို အသုံးပြုထားမှာပါ။ ဘက်ထရီ သိုလှောင်မှု ပမာဏ 4000mAh ပါဝင်ပြီး USB Type-C ကနေတစ်ဆင့် 27W အမြန်အားသွင်းစနစ်ကို အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

စျေးနှုန်းတွေအနေနဲ့ RAM 6GB/ Storage 64GB မော်ဒယ်အတွက် တရုတ်ငွေ ၂၄၉၉ ယွမ် ( မြန်မာငွေ ၅သိန်းခွဲ ဝန်းကျင်)၊ RAM 6GB / Storage 128GB မော်ဒယ်အတွက် တရုတ်ငွေ ၂၅၉၉ ယွမ် ( မြန်မာငွေ ၅၇၅,၀၀၀ ကျပ် ဝန်းကျင်)၊ RAM 8GB / Storage 128GB မော်ဒယ်အတွက် တရုတ်ငွေ ၂၇၉၉ ယွမ် ( မြန်မာငွေ ၆၂၀,၀၀၀ ကျပ် ဝန်းကျင်)၊ RAM 8GB / Storage 256GB မော်ဒယ်အတွက် တရုတ်ငွေ ၂၉၉၉ ယွမ် ( မြန်မာငွေ ၆၆၄,၀၀၀ ကျပ် ဝန်းကျင်) ဆိုပြီး အသီးသီး ကျသင့်မှာပါ။

Redmi K20
Snapdragon 730 SoC ကို အသုံးပြုထားတဲ့ စမတ်ဖုန်းပါ။ ကင်မရာအပိုင်းမှာ Redmi K20 Pro လိုမျိူး 48MP Sony IMX586 Sensor ကို အသုံးပြုထားတာ မဟုတ်ဘဲ 48MP Sony IMX582 Sensor ကိုသာ အသုံးပြုထားတယ်လို့ သိရပါတယ်။ ကျန်တဲ့ အပိုင်းတွေကတော့ အတူတူပါပဲ။ ဒါပေမယ့် အမြန်အားသွင်းစနစ်မှာတော့ Redmi K20 က 18W အထိပဲ ထောက်ပံ့ပေးနိုင်တယ်လို့ ဆိုပါတယ်။

မော်ဒယ် ၂မျိူးစလုံးမှာ MicroSD Card ထပ်စိုက်လို့ မရပေမယ့် 3.5mm Jack ကိုတော့ တပ်ဆင်ပေးထားတယ်လို့ သိရပါတယ်။ Redmi K20 ရဲ့ RAM 6GB / Storage 64GB မော်ဒယ်ကို တရုတ်ငွေ ၁၉၉၉ ယွမ် ( မြန်မာငွေ ၄၄၂,၀၀၀ ကျပ် ဝန်းကျင် ) နဲ့ ရောင်းချသွားမှာ ဖြစ်ပြီး RAM 6GB / Storage 128GB မော်ဒယ်ကို တရုတ်ငွေ ၂၀၉၉ ယွမ် ( မြန်မာငွေ ၄၆၅,၀၀၀ ကျပ် ဝန်းကျင်) နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။

Ref : Xda-developer