Redmi က နောက်ထုတ်မယ့် K30 5G Extreme Edition အတွက် Teaser Video ၁ ခုကို မျှဝေလိုက်ပြီး အရင်နှစ် ဒီဇင်ဘာလမှာ ကြေညာခဲ့တဲ့ Redmi K30 5G မှာလို Dual Punch Hole မျက်နှာပြင်ပါလာမှာပါ။ Teaser Video မှာ စမတ်ဖုန်းရဲ့ အနောက်ဘက်ကို ပြသထားပြီး Redmi K30 5G နဲ့ ဆင်တူပါတယ်။ အနောက်ကင်မရာ ၄ လုံးကို ဒေါင်လိုက်တပ်ဆင်ထားပြီး စက်ဝိုင်းပုံ အကွက်ထဲမှာ ထည့်ထားပါတယ်။ JD.com က စာရင်းအရ အဲဒီဖုန်းမှာ 64MP Quad ကင်မရာ ပါလာမှာပါ။

Redmi K30 5G Extreme Edition ဟာ Snapdragon 768 SoC ပါတဲ့ ကမ္ဘာ့ပထမဆုံး စမတ်ဖုန်း အနေနဲ့ တရုတ်ကို ရောက်လာမှာ ဖြစ်ပြီး အဲဒီ SoC ဟာ Redmi K30 5G မှ Snapdragon 765G ကို အဆင့်မြှင့်ထားတာ ဖြစ်ပါတယ်။

JD.com မှာ အဲဒီဖုန်းရဲ့ အရွယ်အစား အပြည့်အစုံဟာ 165.3 x 76.6 x 8.79mm ဖြစ်ပြီး ၂၀၈ ဂရမ် အလေးချိန်ရှိတယ်လို့ ဖော်ပြထားပါတယ်။ ၆.၆၇ လက်မ IPS LCD မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး Dual Punch Hole ဒီဇိုင်း ဖြစ်ပါတယ်။ အနောက်ကင်မရာ ၄ လုံးထဲမှာ Sony IMX686 64MP Main , 8MP Ultrawide , 5MP Macro နဲ့ Depth ကင်မရာတွေပါလာမှာပါ။

Redmi K30 5G Extreme Edition မှာ 6GB RAM နဲ့ 128GB Storage ပါလာမှာ ဖြစ်ပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ ပါပါတယ်။ ၂,၂၉၉ ယွမ်နဲ့ ရောင်းချနိုင်ပြီး မြန်မာငွေ ၄ သိန်းခွဲလောက် ရှိနိုင်ပါတယ်။

Ref : gizmochina