[Unicode]

လာမယ့် ၁၀ ရက်နေ့မှာ ကြေညာမယ့် Redmi K30 ရဲ့ Hands-on Video ၁ ခု ထွက်ပေါ်လာပါတယ်။ MIUI 11 ပါမယ်ဆိုတာပဲ သိလိုက်ရပြီး တခြား သတင်းအချက်အလက်တွေ မပြသထားပါဘူး။ Redmi K30 မှာ Snapdragon 765G SoC, 5G , 6.67” Punch Hole Display နဲ့ 4,500mAh Battery တွေ ပါမယ်ဆိုတာ ကုမ္ပဏီက အတည်ပြုပြီးပါပြီ။

အနောက်ဘက်မှာ 64MP Sony IMX686 ပင်မ ကင်မရာပါလာမှာပါ။ 20MP ဆဲလ်ဖီး ကင်မရာနဲ့အတူ Depth Sensor ၁ လုံး ထည့်သွင်းထားမှာပါ။ ကုမ္ပဏီက တရုတ် လူမှုကွန်ရက် ဝီဘိုမှာ အဲဒီဖုန်းရဲ့ Teasers များစွာ မျှဝေထားပြီး 5G Dual-frequency GPS, 1217 Ultra-linear Speakers , 3.5mm Headphone Jack နဲ့ USB-C Port တွေ ပါမယ်လို့ အတည်ပြုထားပါတယ်။ လာမယ့် အင်္ဂါနေ့မှာ Redmi K30 ရဲ့ ဈေးနှုန်း၊ ရောင်းမယ့် နိုင်ငံနဲ့ Specs အပြည့်အစုံကို သိရတော့မှာပါ။

TENAA က ထွက်ပေါ်ခဲ့တဲ့ သတင်းအချက်အလက်တွေအရ Redmi K30 မှာ Full HD+ Display ထည့်သွင်းထားပြီး 6GB , 8GB နဲ့ 12GB RAM တွေ ရွေးချယ်နိုင်ပါတယ်။ 256GB Storage အထိ ထုတ်လုပ်ပေးထားမှာပါ။ 4G နဲ့ 5G မော်ဒယ် ၂ လုံး ထုတ်လုပ်ရောင်းချမယ်လို့ ကုမ္ပဏီက အတည်ပြုထားပါတယ်။

Qualcomm က Snapdragon 765G Chipset ကို မကြာခင်က ကျင်းပခဲ့တဲ့ Snapdragon Tech Summit 2019 မှာ ကြေညာခဲ့ပါတယ်။ Redmi K30 နဲ့ OPPO Reno 3 တို့ဟာ 765 5G ပါတဲ့ ပထမဆုံး ဖုန်းတွေ ဖြစ်လာမှာပါ။ HMD Global, LG, Motorola, OPPO, Realme, Redmi နဲ့ Vivo တို့ကလည်း လာမယ့်နှစ်မှာ 765 ပါတဲ့ 5G ဖုန်းတွေ ကြေညာမယ်လို့ အတည်ပြုထားပါတယ်။

Ref : gsmarena

[Zawgyi]

Redmi K30 ရဲ႕ Hands-on Video ၁ ခုထြက္ေပၚလာ

လာမယ့္ ၁၀ ရက္ေန႔မွာ ေၾကညာမယ့္ Redmi K30 ရဲ႕ Hands-on Video ၁ ခု ထြက္ေပၚလာပါတယ္။ MIUI 11 ပါမယ္ဆုိတာပဲ သိလိုက္ရၿပီး တျခား သတင္းအခ်က္အလက္ေတြ မျပသထားပါဘူး။ Redmi K30 မွာ Snapdragon 765G SoC, 5G , 6.67” Punch Hole Display နဲ႔ 4,500mAh Battery ေတြ ပါမယ္ဆိုတာ ကုမၸဏီက အတည္ျပဳၿပီးပါၿပီ။

အေနာက္ဘက္မွာ 64MP Sony IMX686 ပင္မ ကင္မရာပါလာမွာပါ။ 20MP ဆဲလ္ဖီး ကင္မရာနဲ႔အတူ Depth Sensor ၁ လံုး ထည့္သြင္းထားမွာပါ။ ကုမၸဏီက တရုတ္ လူမႈကြန္ရက္ ၀ီဘိုမွာ အဲဒီဖုန္းရဲ႕ Teasers မ်ားစြာ မွ်ေ၀ထားၿပီး 5G Dual-frequency GPS, 1217 Ultra-linear Speakers , 3.5mm Headphone Jack နဲ႔ USB-C Port ေတြ ပါမယ္လို႔ အတည္ျပဳထားပါတယ္။ လာမယ့္ အဂၤါေန႔မွာ Redmi K30 ရဲ႕ ေစ်းႏႈန္း၊ ေရာင္းမယ့္ ႏုိင္ငံနဲ႔ Specs အျပည့္အစံုကို သိရေတာ့မွာပါ။

TENAA က ထြက္ေပၚခဲ့တဲ့ သတင္းအခ်က္အလက္ေတြအရ Redmi K30 မွာ Full HD+ Display ထည့္သြင္းထားၿပီး 6GB , 8GB နဲ႔ 12GB RAM ေတြ ေရြးခ်ယ္ႏုိင္ပါတယ္။ 256GB Storage အထိ ထုတ္လုပ္ေပးထားမွာပါ။ 4G နဲ႔ 5G ေမာ္ဒယ္ ၂ လံုး ထုတ္လုပ္ေရာင္းခ်မယ္လို႔ ကုမၸဏီက အတည္ျပဳထားပါတယ္။

Qualcomm က Snapdragon 765G Chipset ကို မၾကာခင္က က်င္းပခဲ့တဲ့ Snapdragon Tech Summit 2019 မွာ ေၾကညာခဲ့ပါတယ္။ Redmi K30 နဲ႔ OPPO Reno 3 တို႔ဟာ 765 5G ပါတဲ့ ပထမဆံုး ဖုန္းေတြ ျဖစ္လာမွာပါ။ HMD Global, LG, Motorola, OPPO, Realme, Redmi နဲ႔ Vivo တို႔ကလည္း လာမယ့္ႏွစ္မွာ 765 ပါတဲ့ 5G ဖုန္းေတြ ေၾကညာမယ္လို႔ အတည္ျပဳထားပါတယ္။

Ref : gsmarena