Zawgyi

လာမယ့္ဒီဇင္ဘာ ၁၀ ရက္ေန႔မွာ စတင္မိတ္ဆက္ေတာ့မယ့္ Redmi K30 စမတ္ဖုန္းသစ္မွာ အသစ္စက္စက္ Snapdragon 765G ခ်စ္ပ္ဆက္ အသုံးျပဳလာမယ္လုိ႔ ဆုိပါတယ္။ မၾကာခင္ေလးကမွ မိတ္ဆက္သြားတဲ့ SD765G ခ်စ္ပ္ ေတြဟာ SD765 ခ်စ္ပ္ဆက္အေပၚ GPU ပုိင္း အဓိကတုိးျမွင့္လာတာပါ။

လက္ရွိအခ်ိန္မွာ Qualcomm က SD765G ခ်စ္ပ္အသစ္ေတြအတြက္ အခ်က္အလက္ေတြ အေသးစိတ္ မေျပာရေသးေပမယ့္ သူ႕မွာ Snapdragon X52 (Multi-mode) 5G Modem တစ္ပါတည္း ပါဝင္လာမွာျဖစ္ၿပီး Download Speed အျမင့္ဆုံး 3.7Gbps ထိရွိမယ္ဆုိတာကို သိထားရၿပီးပါၿပီ။

Redmi ဟာသူတုိ႔ရဲ႕တရားဝင္ Weibo အေကာင့္မွာလည္း Redmi K30 ရဲ႕ Display ပုံကိုတင္လာခဲ့ၿပီး 6.67” လက္မထိ က်ယ္ျပန္႔တဲ့ Screen ဟာ အေပၚညာဘက္ေထာင့္မွာ Punch-hole စတုိင္လ္ Dual-selfie ကင္မရာအတြက္ 4.38mm ေနရာလြတ္ေလး ပါဝင္ပါတယ္။

ဒါ့အျပင္ Redmi K30 ရဲ႕ေက်ာဘက္ကို Frosted Glass နဲ႔ျပဳလုပ္လာမွာျဖစ္ၿပီး ေနာက္ဘက္မွာ 64MP အဓိက ကင္မရာပါဝင္လာမယ္ဆုိတာကိုလည္း ပုံထဲမွာေဖာ္ျပလာခဲ့ပါတယ္။ သတင္းေတြအရေတာ့ အဓိက Sensor ဟာ 64MP Sony IMX686 ျဖစ္ၿပီး 8MP, 5MP နဲ႔ 2MP Modules သုံးခုနဲ႔ေပါင္းစပ္လာမယ္လို႔ ဆုိပါတယ္။

K30 ရဲ႕ Specs Sheet အျပည့္အစုံကိုေတာ့ မထုတ္ျပေသးေပမယ့္ ကုမၸဏီဟာ Punch-hole Display အျပင္ ေဘးဘက္မွာထည့္သြင္းလာမယ့္ Fingerprint နဲ႔ စုစုေပါင္းကင္မရာေျခာက္လုံးပါဝင္မယ္ ဆုိတာကိုေတာ့ အတည္ျပဳခဲ့ၿပီးပါၿပီ။

Ref – GSM Arena

Unicode

လာမယ့်ဒီဇင်ဘာ ၁၀ ရက်နေ့မှာ စတင်မိတ်ဆက်တော့မယ့် Redmi K30 စမတ်ဖုန်းသစ်မှာ အသစ်စက်စက် Snapdragon 765G ချစ်ပ်ဆက် အသုံးပြုလာမယ်လို့ ဆိုပါတယ်။ မကြာခင်လေးကမှ မိတ်ဆက်သွားတဲ့ SD765G ချစ်ပ် တွေဟာ SD765 ချစ်ပ်ဆက်အပေါ် GPU ပိုင်း အဓိကတိုးမြှင့်လာတာပါ။

လက်ရှိအချိန်မှာ Qualcomm က SD765G ချစ်ပ်အသစ်တွေအတွက် အချက်အလက်တွေ အသေးစိတ် မပြောရသေးပေမယ့် သူ့မှာ Snapdragon X52 (Multi-mode) 5G Modem တစ်ပါတည်း ပါဝင်လာမှာဖြစ်ပြီး Download Speed အမြင့်ဆုံး 3.7Gbps ထိရှိမယ်ဆိုတာကို သိထားရပြီးပါပြီ။

Redmi ဟာသူတို့ရဲ့တရားဝင် Weibo အကောင့်မှာလည်း Redmi K30 ရဲ့ Display ပုံကိုတင်လာခဲ့ပြီး 6.67” လက်မထိ ကျယ်ပြန့်တဲ့ Screen ဟာ အပေါ်ညာဘက်ထောင့်မှာ Punch-hole စတိုင်လ် Dual-selfie ကင်မရာအတွက် 4.38mm နေရာလွတ်လေး ပါဝင်ပါတယ်။

ဒါ့အပြင် Redmi K30 ရဲ့ကျောဘက်ကို Frosted Glass နဲ့ပြုလုပ်လာမှာဖြစ်ပြီး နောက်ဘက်မှာ 64MP အဓိက ကင်မရာပါဝင်လာမယ်ဆိုတာကိုလည်း ပုံထဲမှာဖော်ပြလာခဲ့ပါတယ်။ သတင်းတွေအရတော့ အဓိက Sensor ဟာ 64MP Sony IMX686 ဖြစ်ပြီး 8MP, 5MP နဲ့ 2MP Modules သုံးခုနဲ့ပေါင်းစပ်လာမယ်လို့ ဆိုပါတယ်။

K30 ရဲ့ Specs Sheet အပြည့်အစုံကိုတော့ မထုတ်ပြသေးပေမယ့် ကုမ္ပဏီဟာ Punch-hole Display အပြင် ဘေးဘက်မှာထည့်သွင်းလာမယ့် Fingerprint နဲ့ စုစုပေါင်းကင်မရာခြောက်လုံးပါဝင်မယ် ဆိုတာကိုတော့ အတည်ပြုခဲ့ပြီးပါပြီ။

Ref – GSM Arena