Zawgyi

Xiaomi ကုမၸဏီဟာ Redmi K30 မ်ဳိးဆက္သစ္စမတ္ဖုန္းကို အခုႏွစ္ဒီဇင္ဘာလအတြင္းမွာပဲ ျမင္ေတြ႕ရမယ္လို႔ အႀကိမ္ႀကိမ္ အတည္ျပဳခဲ့ၿပီးသားျဖစ္ပါတယ္။ ယခုအခါမွာေတာ့ ဒီဖုန္းဟာ ေမာ္ဒယ္နံပါတ္ M2001G7AE အျဖစ္ တရုတ္ဝက္ဆုိက္အခ်ဳိ႕ေပၚမွာ ေပၚထြက္လာခဲ့ၿပီး အဓိက Specs အခ်ဳိ႕ပါ ျမင္ေတြ႕လာရပါၿပီ။

Redmi K30 လို႔ယူဆရတဲ့ အဆုိပါဖုန္းကို CCC အတည္ျပဳခ်က္စာရင္းထဲမွာ 30W အားသြင္းစနစ္နဲ႔ ေတြ႕ရွိခဲ့ရၿပီး “5G ဒစ္ဂ်စ္တယ္မုိဘုိင္းဖုန္း” လို႔လည္း ေဖာ္ျပခဲ့တာေၾကာင့္ မ်ဳိးဆက္သစ္မုိဘုိင္းကြန္ရက္ခ်ိတ္ဆက္ႏုိင္စြမ္းပါ ပါဝင္လာမယ္လို႔ ယူဆရပါတယ္။

ဒီစမတ္ဖုန္းရဲ႕ Live Image ဓါတ္ပုံေတြကိုလည္း အခုလိုျမင္ေတြ႕ခဲ့ရတာေၾကာင့္ K30 ရဲ႕ ပုံပန္းသ႑ာန္ကို ခန္႔မွန္းလို႔ရေစခဲ့ပါတယ္။ Redmi K30 ဖုန္းမွာ Adreno 618 GPU ပါမယ္လို႔ ျမင္ေတြ႕ရတဲ့အတြက္ ဒီဖုန္းဟာ Qualcomm ရဲ႕ Snapdragon 730 ခ်စ္ပ္ဆက္ကို အသုံးျပဳလာမွာပါ။ ဒါ့အျပင္ 120Hz Refresh Rate နဲ႔ Display လည္း ပါဝင္မယ္လို႔ ဆုိပါတယ္။

ပုံထဲမွာ ဟန္းဆက္ရဲ႕ အေပၚေထာင့္မွာ ေဆးေတာင့္ပုံ Punch-hole နဲ႔ Dual-selfie ကင္မရာ ပါတာကိုလည္း ေတြ႕ရမွာျဖစ္ၿပီး က်န္တဲ့အပုိင္းေတြမွာေတာ့ Redmi K30 နဲ႔ K30 ဟာ K20 စီးရီးရဲ႕ ဒီဇုိင္းကို အမ်ားႀကီး ျပဳျပင္ေျပာင္းလဲမႈ မလုပ္ထားဘူးလု႔ိ ယူဆရပါတယ္။ ဖုန္းအသစ္ေတြမွာ MIUI 11 ပါဝင္လာမွာမွန္ေပမယ့္ Android 10 OS ကို အေျခခံလာမွာလား ဆုိတာကိုေတာ့ မသိရေသးပါဘူး။

Ref – GSM Arena

Unicode

Xiaomi ကုမ္ပဏီဟာ Redmi K30 မျိုးဆက်သစ်စမတ်ဖုန်းကို အခုနှစ်ဒီဇင်ဘာလအတွင်းမှာပဲ မြင်တွေ့ရမယ်လို့ အကြိမ်ကြိမ် အတည်ပြုခဲ့ပြီးသားဖြစ်ပါတယ်။ ယခုအခါမှာတော့ ဒီဖုန်းဟာ မော်ဒယ်နံပါတ် M2001G7AE အဖြစ် တရုတ်ဝက်ဆိုက်အချို့ပေါ်မှာ ပေါ်ထွက်လာခဲ့ပြီး အဓိက Specs အချို့ပါ မြင်တွေ့လာရပါပြီ။

Redmi K30 လို့ယူဆရတဲ့ အဆိုပါဖုန်းကို CCC အတည်ပြုချက်စာရင်းထဲမှာ 30W အားသွင်းစနစ်နဲ့ တွေ့ရှိခဲ့ရပြီး “5G ဒစ်ဂျစ်တယ်မိုဘိုင်းဖုန်း” လို့လည်း ဖော်ပြခဲ့တာကြောင့် မျိုးဆက်သစ်မိုဘိုင်းကွန်ရက်ချိတ်ဆက်နိုင်စွမ်းပါ ပါဝင်လာမယ်လို့ ယူဆရပါတယ်။

ဒီစမတ်ဖုန်းရဲ့ Live Image ဓါတ်ပုံတွေကိုလည်း အခုလိုမြင်တွေ့ခဲ့ရတာကြောင့် K30 ရဲ့ ပုံပန်းသဏ္ဍာန်ကို ခန့်မှန်းလို့ရစေခဲ့ပါတယ်။ Redmi K30 ဖုန်းမှာ Adreno 618 GPU ပါမယ်လို့ မြင်တွေ့ရတဲ့အတွက် ဒီဖုန်းဟာ Qualcomm ရဲ့ Snapdragon 730 ချစ်ပ်ဆက်ကို အသုံးပြုလာမှာပါ။ ဒါ့အပြင် 120Hz Refresh Rate နဲ့ Display လည်း ပါဝင်မယ်လို့ ဆိုပါတယ်။

ပုံထဲမှာ ဟန်းဆက်ရဲ့ အပေါ်ထောင့်မှာ ဆေးတောင့်ပုံ Punch-hole နဲ့ Dual-selfie ကင်မရာ ပါတာကိုလည်း တွေ့ရမှာဖြစ်ပြီး ကျန်တဲ့အပိုင်းတွေမှာတော့ Redmi K30 နဲ့ K30 ဟာ K20 စီးရီးရဲ့ ဒီဇိုင်းကို အများကြီး ပြုပြင်ပြောင်းလဲမှု မလုပ်ထားဘူးလု့ိ ယူဆရပါတယ်။ ဖုန်းအသစ်တွေမှာ MIUI 11 ပါဝင်လာမှာမှန်ပေမယ့် Android 10 OS ကို အခြေခံလာမှာလား ဆိုတာကိုတော့ မသိရသေးပါဘူး။

Ref – GSM Arena