Redmi K20 Pro/ Mi 9T Pro တိုဟာ အတော်လေး လူကြိုက်များပြီး ရေပန်းစားခဲ့တဲ့ စမတ်ဖုန်းဖြစ်ပါတယ်။ အခုတော့ သူတို့ကို ဆက်ခံမယ့် Redmi K30 Pro 5G အကြောင်းကို ပြောရတော့မယ့် အချိန်ပဲဖြစ်ပါတယ်။ K30 Pro 5G နဲ့ပတ်သက်တဲ့ အချက်အလက်အချို့ကတော့ ပြီးခဲ့တဲ့ တစ်ပတ်ကထွက်ပေါ်ခဲ့ပြီးပါပြီ။

ဒီတစ်ပတ်မှာ သိလိုက်ရတာက Redmi K30 Pro 5G ဟာ 33W အမြန်အားသွင်းစနစ်ထောက်ပံ့ထားမယ်ဆိုတဲ့ အကြောင်းပါ။ ဒီသတင်းက China 3C certification agency ကတစ်ဆင့် ထွက်ပေါ်လာတာကြောင့် မှန်ကန်တဲ့သတင်းအဖြစ် မှတ်သားထားနိုင်ပါတယ်။ ဒါဟာ Redmi K30 Pro 5G နဲ့ပတ်သက်ပြီး ထွက်နေတဲ့ကောလာဟလတွေကြားမှာ ရှားရှားပါးပါး သတင်းမှန်လို့လည်း ပြောရပါမယ်။

33W အမြန်အားသွင်းစနစ်ဟာ Redmi K30 ထက် 6W နီးပါးလောက် ပိုမြင့်သလို မကြာသေးခင်က ဖြန့်ချိခဲ့တဲ့ Mi 10 ထက်လည်း 3W ပိုမြင့်တယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် ရှင်းရှင်းလင်းလင်းပြောရမယ်ဆိုရင်တော့ 3C မှာ မြင်ရတာက Redmi K30 Pro 5G ဆိုတဲ့နာမည်နဲ့မဟုတ်ပါဘူး။ M2001J11E နဲ့ M2001J11C မော်ဒယ်နံပါတ်တွေနဲ့ပဲ တွေ့ရတာပါ။

Redmi K30 Pro 5G နဲ့ပတ်သက်ပြီး ထွက်ခဲ့သမျှသတင်းတွေကို စုစည်းဖော်ပြရမယ်ဆိုရင် ဒီဟန်းဆက်ဟာ Qualcomm Snapdragon 865 processor အသုံးပြုထားမှာဖြစ်ပါတယ်။ 8GB of RAM နဲ့ဖြစ်ပြီး Android 10 မောင်းနှင်ထားပါမယ်။ Selfie ကင်မရာကို Punch-hole အစား Pop-up ပြောင်းလဲပေးထားပါတယ်။ 64MP Sony IMX686 အဓိကကင်မရာပါဝင်ပြီး 4,700mAh ဘက်ထရီကို တပ်ဆင်ပေးထားတယ်လို့ သိရပါတယ်။

Ref: GSM Arena