Xiaomi ဟာ အခုအချိန်မှာ MIUI 12 Update ကို ဆက်တိုက်ထုတ်ပေးနေတာဖြစ်ပြီး အခုလည်း Flagship ဖုန်းတစ်လုံးဖြစ်တဲ့ Redmi K30 Pro အတွက် ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ ယခု MIUI 12 Update ဟာ Stable Update ဖြစ်ပြီးတော့ China Region အတွက်ပဲ ထွက်ရှိလာတာပါ။

အဆိုပါ Redmi K30 Pro အတွက် MIUI 12 Stable Update ဟာ Version အနေနဲ့ MIUI V12.0.9.0.QJKCNXM ဖြစ်ပြီးတော့ File Size အနေနဲ့ 3.2GB ဝန်းကျင်ရှိမှာဖြစ်ပါတယ်။ Xiaomi ကတော့ အခုမှစတင်ပြီး Update ထုတ်ပေးနေတာဖြစ်တဲ့အတွက် တချို့သောအသုံးပြုသူတွေအနေနဲ့ အနည်းငယ်စောင့်ဆိုင်းရဖွယ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

အခုလိုမျိုး MIUI 12 Stable Update ကို ရရှိလာတယ်ဆိုပေမယ့် Android 11 OS ကိုတော့ Update ပြုလုပ်ထားခြင်းမရှိဘဲ Android 10 ကိုပဲ အခြေခံထားဦးမှာဖြစ်ပါတယ်။ ဒါပေမယ့် MIUI 12 ရဲ့ Feature အသစ်တွေဖြစ်တဲ့ Control Center ၊ Dark Mode Optimization ၊ Camera ပိုင်းမှာ Dual View ၊ AI Watermark တွေပါဝင်လာမှာဖြစ်သလို တခြားသော Wallpaper ၊ Always-on Display နဲ့ UI ပိုင်းမှာ အဆင့်မြှင့်တင်ထားမှာဖြစ်တယ်လို့ သိရပါတယ်။

အခု MIUI 12 Update ဟာ Stable Update ဖြစ်ပေမယ့်လည်း Earphone Detection ၊ Fingerprint Unlock ပြုလုပ်တဲ့အချိန်နဲ့ Battery Life ပိုင်းမှာ ယခင်ကထက်ပိုပြီး Bug တွေရှိနေသေးတာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် MIUI 12 ကို အသုံးပြုချင်တဲ့ Redmi K30 Pro User တွေအတွက်ကတော့ သတင်းကောင်းလို့ ပြောရမှာပါ။

Ref – Giz China