Redmi K30 Pro နဲ့ K30 Pro Zoom တို့ကို မကြာခင်ကပဲ ပူပူနွေးနွေး ကြေညာထားပြီး အခုတော့ ကုမ္ပဏီက Promo Video ၁ ခုကို မျှဝေလိုက်ပါတယ်။ Video မှာ စမတ်ဖုန်းရဲ့ အလန်းဆုံး လုပ်ဆောင်ချက်တွေကို ပြသထားပါတယ်။ Snapdragon 865 Chipset မောင်းနှင်ထားတဲ့ စမတ်ဖုန်းရဲ့ အရမ်းမြန်တဲ့ စွမ်းရည်နဲ့ အနောက်ကင်မရာ ၄ လုံး အကြောင်းကို အသားပေး ဖော်ပြထားပါတယ်။ စက္ကန့် ၄၀ ပဲကြာတဲ့ အဲဒီ Video ကို အောက်မှာ လေ့လာနိုင်ပါတယ်။

အဲဒီ စမတ်ဖုန်းရဲ့ ဖန်နဲ့ အလူမီနီယမ် ပေါင်းစပ်ထားတဲ့ ဒီဇိုင်းကို ကောင်းကောင်း လေ့လာနိုင်ပြီး မော်တာနဲ့ အလုပ်လုပ်တဲ့ Pop-up ဆဲလ်ဖီး ကင်မရာရဲ့ အလုပ်လုပ်ပုံကိုပါ မြင်ရပါတယ်။ အညို၊ ခရမ်းနဲ့ အဖြူရောင် မော်ဒယ်များကိုလည်း Video မှာ ပြသထားပါတယ်။

မော်ဒယ် ၂ လုံးစလုံးကို တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဧပြီလ ၄ ရက်နေ့မှာ ရောင်းမှာပါ။ နိုင်ငံတကာမှာ ရောင်းမယ့် အချိန်ကို မသိရသေးပါဘူး။ K30 Pro ရဲ့  6/128GB ကို ၂,၉၉၉ ယွမ်၊ 8/128GB ကို ၃,၃၉၉ ယွမ်နဲ့ 8/256GB ကို ၃,၆၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၅ သိန်း ၉ သောင်း၊ ၆ သိန်း ၇ သောင်းနဲ့ ၇ သိန်း ၃ သောင်း အသီးသီး ရှိပါတယ်။

Zoom Edition ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၃,၇၉၉ ယွမ်နဲ့ 8/256GB ကို ၃,၉၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၇ သိန်း ၅ သောင်းနဲ့ ၇ သိန်း ၉ သောင်းလောက်ရှိပါတယ်။

Ref : gsmarena