Redmi K30 Pro ကို မကြာခင် တရားဝင် ကြေညာတော့မှာဖြစ်ပြီး Redmi က အဲဒီဖုန်းရဲ့ သတင်းအချက်အလက်တွေကို မကြာခဏ မျှဝေနေပါတယ်။ အဲဒီဖုန်းမှာ 8K Video Recording ၊ အနောက်ကင်မရာ ၄ လုံးနဲ့ 60Hz Refresh Rate ပါလာမယ်ဆိုတာ သိထားပြီးပါပြီ။ အခုတော့ Redmi က ဝီဘိုမှာ Bluetooth ဆက်သွယ်မှုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို မျှဝေလိုက်ပါတယ်။

Redmi မျှဝေလိုက်တဲ့ ပိုစတာအရ K30 Pro မှာ Bluetooth 5.1 နဲ့အတူ Super Bluetooth ပါလာမယ်လို့ သိရပါတယ်။ Super Bluetooth ဟာ မီတာ ၄၀၀ အတွင်း ချိတ်ဆက်နိုင်တာက အလန်းစား စွမ်းရည်ပါ။ Bluetooth 5.1 တောင် ၂၄၃ မီတာပဲ ထောက်ပံ့တဲ့အတွက် K30 Pro က ၂ ဆလောက် ပိုများနေမှာပါ။

Bluetooth Range ကို ဒီလောက် တိုးတက်အောင် ဘယ်လို လုပ်ထားသလဲဆိုတာတော့ Redmi က မပြောသေးပါဘူး။ မိတ်ဆက်ပွဲမှာ အဲဒီ သတင်းအချက်အလက်တွေကို သိလာရတော့မှာပါ။ Bluetooth 5.1 ဟာ Latency နည်းပါးတဲ့အတွက် သင့်ဖုန်းကို Bluetooth Audio Devices တွေနဲ့ချိတ်သုံးရင် အသံထွက်တွေ Sync လုပ်တာ တိကျမှာပါ။

Redmi က K30 Pro မှာ 5G MultiLink လုပ်ဆောင်ချက်ပါပြီး တစ်ပြိုင်နက် ကွန်ရက် ၃ ခုကို ချိတ်ဆက်နိုင်တယ်လို့ ပြောပါတယ်။ 2.4GHz WiFi , 5GHz WiFi နဲ့ 4G or 5G Mobile ကွန်ရက် ၃ ခုကို ချိတ်ဆက်နိုင်တဲ့အတွက် အင်တာနက်လိုင်းက တည်ငြိမ်မြန်ဆန်မှာပါ။ အွန်လိုင်း ဂိမ်းတွေ ကစားရင်တော့ ရှယ်လန်းမှာ ဖြစ်ပြီး မတ်လ ၂၄ ရက်နေ့မှာ ကြေညာတော့မှာပါ။

Ref : gizmochina