Redmi K30 Pro ရဲ့ သတင်းတွေ များစွာ ထွက်နေပါတယ်။ အခုတော့ Redmi K30 Pro Zoom Edition ရဲ့ သတင်းထွက်လာပါတယ်။ Zoom Edition ရဲ့ အရောင်တွေနဲ့ တခြား သတင်းအချက်အလက်တွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အဲဒီ သတင်းအချက်အလက်တွေကို အောက် ဓါတ်ပုံမှာ လေ့လာနိုင်ပါတယ်။

Redmi K30 Pro Zoom Edition အတွက် Moonlight White , Sky Blue , Purple နဲ့ Space Grey အရောင်တွေ ထုတ်လုပ်ထားမှာ ဖြစ်ပြီး အရောင်တွေက Redmi K30 Pro နဲ့ တူညီမှာပါ။ Zoom Edition အတွက် 8/128GB , 8/256GB နဲ့ 12/512GB မော်ဒယ်တွေ ထုတ်လုပ်ထားမှာ ဖြစ်ပြီး ရိုးရိုး မော်ဒယ်အတွက် 6/128GB နဲ့ 8/128GB မော်ဒယ် ၂ မျိုးပဲ ထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။

Redmi K30 Pro အပြင် Xiaomi က RedmiBook 14 Ryzen Edition အတွက် 16GB RAM မော်ဒယ်ကိုလည်း ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။ Mi Air Purifier F1 လို့ နာမည်ပေးထားတဲ့ လေသန့်စင်စက်ကိုလည်း ကြေညာနိုင်ပါတယ်။ အမေရိကန် အနုပညာရှင် Keith Haring ရဲ့ နာမည်ပါတဲ့ Accessory လို့ ထင်ရတဲ့ Redmi x Keith Haring လည်း ထွက်လာမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gizchina