ဒီနေ့ခေတ် စမတ်ဖုန်းတွေဟာ ကင်မရာပိုင်းမှာလည်း တိုးတက်ကောင်းမွန်ဖို့ လိုအပ်လာပါပြီ။ အထူးသဖြင့် High-end တွေသာမကဘဲ Mid-range တွေမှာပါ ကင်မရာစွမ်းဆောင်ရည်ကို တောင်းဆိုမှုက မြင့်မားနေတာပါ။ အမှတ်တံဆိပ်တစ်ခုအနေနဲ့ သူတို့ရဲ့ စမတ်ဖုန်းကင်မရာဟာ DxOMark မှာ အမှတ်ဘယ်လောက် ရရှိသလဲဆိုတာကလည်း အရေးပါတဲ့ ကဏ္ဍတစ်ခုမှာရှိနေပါတယ်။

အခုလည်း DxOMark က Redmi K30 Pro Zoom ရဲ့ ရမှတ်တွေကို ထုတ်ပြန်ကြေညာလိုက်ပြန်ပါပြီ။ ဒီဟန်းဆက်ဟာ ရမှတ် ၁၂၀ အထိရရှိခဲ့ပြီး အကောင်းဆုံးစမတ်ဖုန်းကင်မရာဆယ်မျိူးမှာ ပါဝင်လာပြီလည်း ဖြစ်ပါတယ်။ Redmi K30 Pro Zoom ဟာ ကျောဘက်မှာ 64MP Quad Bayer sensor တပ်ဆင်ထားပြီး Quad-camera module လည်း ဖြစ်ပါတယ်။

အဓိကင်မရာနဲ့ တွဲဖက်ပေးထားတာတွေက 8MP telephoto lens, 13MP ultra-wide ကင်မရာနဲ့ Dept sensor တွေပဲ ဖြစ်ပါတယ်။ ဓါတ်ပုံရိုက်ကူးမှုမှာတော့ ရမှတ်ပေါင်း ၁၂၉ မှတ်ကို ရရှိခဲ့ပြီး ဗီဒီယို ရိုက်ကူးမှုမှာတော့ ၁၀၁ မှတ်ကို ရရှိခဲ့ပါတယ်။ ဒီရမှတ်တွေကပဲ Redmi K30 Pro Zoom ကို ထိပ်ဆုံး ၁၀ ခုစာရင်းထဲ ဝင်ရောက်သွားစေတာပါ။

Redmi K3 Pro Zoom ဟာ Autofocus ပိုင်းမှာ လျှင်မြန်ပြီး တိကျမှန်ကန်တဲ့အချက်၊ ထူးကဲကောင်းမွန်တဲ့ Exposure, ချဲ့ထွင်နိုင်စွမ်းကောင်းမွန်မှုနဲ့ အရောင်ပိုင်းဆိုင်ရာမှာ ကောင်းမွန်တဲ့ အရောင်ထုတ်လုပ်နိုင်မှု စတဲ့ အချက်တွေအတွက် DxOMark ရဲ့ ချီးမွမ်းမှုကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် စမ်းသပ်မှုတွေအရ Indoor zoom shot တွေမှာ Low detail ဖြစ်နေတာ၊ Color shift issue ရှိနေတာ၊ Texture နဲ့ Tone အချို့ ဆုံးရှုံးနေရတာတွေကိုလည်း တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ Bokeh နဲ့ အခြား Effect တွေမှာတော့ ချီးကျူးခံရပေမယ့် Ultra-wide ရိုက်ကူးမျုပိုင်းမှာတော့ Noise တွေရှိနေပြီး အသေးစိတ်ကျမှုလည်း အားနည်းနေပါတယ်။

Ref: Gizmochina