Redmi က စွမ်းဆောင်ရည်သင့် K30 နဲ့ K30 5G ကို ဒီဇင်ဘာလက ကြေညာခဲ့ပြီး အခုဆိုရင် မော်ဒယ် ၄ ခုတောင်ထွက်လာပြီးပါပြီ။ အခုတော့ Redmi က K30 Series ကို တရုတ်မှာ အလုံးရေ ၃ သန်းကျော် ရောင်းချပြီးပြီလို့ ကြေညာလိုက်ပါတယ်။ မတ်လအထိ အလုံးရေ ၁ သန်းကျော် ရောင်းချပေးနိုင်ခဲ့တာလို့ သိရပါတယ်။

Redmi က ဒီအောင်မြင်မှုအတွက် K30 (6/128GB) ကို ၁,၃၉၉ ယွမ် (၂သိန်း ၇သောင်း ဝန်းကျင်) ၊ (8/128GB) ကို ၁,၅၉၉ ယွမ် (၃သိန်း ၁သောင်း ဝန်းကျင်) နဲ့ ဈေးလျှော့ရောင်းပေးနေပါတယ်။ ဇူလိုင်လ ၈ ရက်ကနေ ၁၂ ရက်အတွင်းမှာ အဲဒီဈေးတွေနဲ့ Xiaomi တရားဝင် စတိုးကနေ ရောင်းပေးမှာ ဖြစ်ပါတယ်။

Redmi K30 Series ရဲ့ အဖွဲ့ဝင် အသစ် ဖြစ်တဲ့ K30 Ultra ရဲ့ သတင်းတွေ မကြာခင်ကထွက်လာပြီး MediaTek Dimensity Chipset မောင်းနှင်ထားမယ်လို့ သိရပါတယ်။ အဲဒီဖုန်းမှာ အနောက်ကင်မရာ ၄ လုံးနဲ့ Pop-up Selfie ကင်မရာ ၁ လုံး ပါလာမှာ ဖြစ်ပြီး အနောက်ဘက် ပင်မ ကင်မရာဟာ 64MP ဖြစ်နိုင်ပါတယ်။

Ref : gsmarena