Redmi က K30 5G Series ရဲ့ ဈေးအချိုဆုံး ဖြစ်တဲ့ Redmi K30i 5G ကို ကြေညာလိုက်ပါတယ်။ K30i မှာ ၆.၆၇ လက်မ IPS LCD FullHD+ မျက်နှာပြင်ထည့်သွင်းထားပြီး 120Hz Refresh Rate ပါပါတယ်။ HDR10 ထောက်ပံ့မှု့နဲ့အတူ Gorilla Glass 5 ဖုံးအုပ်ထားပြီး 5G ပါတဲ့ Snapdragon 765G Chipset မောင်းနှင်ထားပါတယ်။ 6GB LPDDR4X RAM နဲ့ 128GB UFS 2.1 Storage ပါပါတယ်။

K30i နဲ့ K30 5G ရဲ့ ကွာခြားချက်က အနောက်ကင်မရာ ဖြစ်ပါတယ်။ K30i မှာ အနောက်ကင်မရာ ၄ လုံး ထည့်သွင်းထားပြီး ပင်မ ကင်မရာကို လျှော့ချထားပါတယ်။ 48MP ပင်မ ကင်မရာပါလာပြီး K30 5G မှာ 64MP ကင်မရာ ထည့်ထားတာပါ။ တခြား ကင်မရာ ၃ လုံးက တူညီပြီး 8MP Ultrawide, 5MP Macro နဲ့ 2MP Depth တွေ ဖြစ်ပါတယ်။

ဆေးတောင့်ပုံ Punch Hole မှာ 20MP ပင်မ ကင်မရာနဲ့ 2MP Depth ကင်မရာတွေ ထည့်ထားပြီး 30W Fast Charging ပါတဲ့ 4,500mAh ဘက်ထရီ ပါပါတယ်။ Android 10 အခြေပြု MIUI 11 မောင်းနှင်ထားပြီး USB-C Port  နဲ့ နားကြပ်ပေါက် ပါပါတယ်။

6/128GB မော်ဒယ်ကို ၁,၈၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၃ သိန်း ၇ သောင်းလောက်ကျသင့်ပါတယ်။ Redmi K30 5G ထက် ၁၈ ဒေါ်လာလောက် နည်းသွားပါတယ်။  ခရမ်း၊ ပန်း၊ အပြာနဲ့ အဖြူရောင် ထုတ်လုပ်ထားပြီး နောက်လ ၂ ရက်နေ့မှာ ရောင်းမှာပါ။

Ref : gizchina