အရင်နှစ် ဒီဇင်ဘာလမှာ Redmi K30 ကို ကြေညာခဲ့ပြီး ဈေးအသက်သာဆုံး 5G စမတ်ဖုန်း ၁ လုံး ဖြစ်လာခဲ့ပါတယ်။ 5G မော်ဒယ်မှာ Snapdragon 765G Chipset နဲ့ 64MP ကင်မရာ ပါပြီး ယွမ် ၁,၉၉၉ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၄ သိန်းလောက်ပဲရှိပါတယ်။

အခုတော့ တရုတ် မီဒီယာတွေက Redmi K30i ကို ဒီလကုန်မှာ ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ သတင်းပေးလိုက်ပါတယ်။ အဲဒီ စမတ်ဖုန်းမှာ 5G ဆက်သွယ်မှု ပါလာမှာ ဖြစ်ပြီး 48MP ကင်မရာ ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။ ၁,၇၉၉ ယွမ်နဲ့ ရောင်းနိုင်ပြီး မြန်မာငွေ ၃ သိန်း ၆ သောင်းလောက်ပဲရှိတဲ့အတွက် ဈေးအပေါဆုံး 5G စမတ်ဖုန်း ဖြစ်လာမှာပါ။

Redmi K30i ရဲ့ တခြား Specs တွေက Redmi K30 နဲ့ တူမယ်လို့ ITHome က ပြောပါတယ်။ တူညီတဲ့ Snapdragon Chipset နဲ့ 6/64GB Memory ပါလာမှာပါ။ 48MP နဲ့အတူ 8MP Ultrawide, 2MP Depth နဲ့ 5MP Macro ကင်မရာတွေ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Xiaomi က Redmi Note 9 ကိုလည်း ဇွန်လမှာ ရောင်းချမှာ ဖြစ်ပြီး 5G ပါလာမှာပါ။ ယွမ် ၁,၅၉၉ နဲ့ ရောင်းနိုင်ပြီး မြန်မာငွေ ၃ သိန်း ၂ သောင်းလောက်ပဲရှိမှာပါ။ Redmi K30i ထက် ပိုဈေးပေါတဲ့ 5G စမတ်ဖုန်း ဖြစ်လာမှာပါ။

Ref : gsmarena