Xiaomi ရဲ့ ကုမ္ပဏီအခွဲဖြစ်တဲ့ Redmi ဟာ အခုအချိန်မှာ Redmi K30 ဖုန်းအပြင် K30 Pro ဖုန်းကိုပါ မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ မကြာခင်မှာလည်း စျေးအသက်သာဆုံး 5G ဖုန်းဖြစ်လာမယ့် Redmi K30i ကို မိတ်ဆက်သွားတော့မှာပါ။

အဆိုပါ Redmi K30i ရဲ့ Render ဓါတ်ပုံကို နာမည်ကြီး Leak သတင်းတွေတင်နေကြ Website တစ်ခုဖြစ်တဲ့ SlashLeaks ကနေ ဖော်ပြလိုက်ပြီဖြစ်ပါတယ်။ အဆိုပါ ဓါတ်ပုံအရ Redmi K30i စမတ်ဖုန်းရဲ့ အရှေ့ဘက်အပြင် နောက်ကျောဘက်ဒီဇိုင်းကိုပါ အတည်ပြုနိုင်ခဲ့ပါတယ်။

နောက်ကျောဘက်ပိုင်းမှာတော့ Redmi K30 5G ဖုန်းနဲ့ ဆင်တူပြီးတော့ Quad Camera Setup အစား Triple Camera Setup ကိုပဲအသုံးပြုထားတာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Redmi K30 5G ဖုန်းရဲ့ 64MP Primary Camera Sensor အစား 48MP Primary Sensor ကိုပဲ ပြောင်းလဲအသုံးပြုလာမှာပါ။ Fingerprint Sensor ကိုတော့ Redmi K30 5G ဖုန်းလိုမျိုးပဲ Side-mounted အနေနဲ့ ထည့်သွင်းထားမှာဖြစ်ပါတယ်။

အရှေ့ဘက် Display မှာတော့ အပေါ်ဘက် ညာဘက်ထောင့်မှာ Single Selfie Camera ကို Punch-hole Design ထည့်သွင်းပေးထားပြီး Redmi K30 5G လိုမျိုး Dual Selfie Camera တော့ ပါဝင်မှာမဟုတ်ပြန်ပါဘူး။ Display ကိုတော့ Full HD+ IPS LCD Display အသုံးပြုထားမှာဖြစ်ပေမယ့် 120Hz Refresh Rate ကို ဆက်လက် Support ပြုလုပ်နိုင်မလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

ဘာပဲဖြစ်ဖြစ် Redmi K30i စမတ်ဖုန်းဟာ စျေးနှုန်းအနေနဲ့ ၁,၇၉၉ ယွမ် (မြန်မာငွေ ၃ သိန်း ၆ သောင်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။

Ref – Gizmo China