Xiaomi ရဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ Redmi ကနေ မကြာခင်မှာ Redmi K30 Series စမတ်ဖုန်းအသစ်ကို မိတ်ဆက်တော့မှာဖြစ်ပါတယ်။ အဆိုပါဖုန်းကို Redmi K30i လို့နာမည်ပေးထားပြီးတော့ လက်ရှိအချိန်မှာ စျေးအသက်သာဆုံးသော 5G စမတ်ဖုန်းလည်းဖြစ်လာမယ်လို့ သိရပါတယ်။

ယခင်တုန်းကလည်း အဆိုပါ Redmi K30i စမတ်ဖုန်းနဲ့ ပတ်သက်တဲ့သတင်းတွေဆက်တိုက်ထွက်ရှိခဲ့ပြီးတော့ အခုဆိုရင် Redmi K30i မှာပါဝင်လာမယ့် Specs တွေနဲ့ စျေးနှုန်းတွေအကုန်လုံးကိုပါ သိလာရပြီလို့တောင် ပြောရမှာပါ။ စျေးနှုန်းအနေနဲ့ ၁,၇၉၉ ယွမ် (မြန်မာငွေ ၃ သိန်း ၆ သောင်းဝန်းကျင်) ကျသင့်မယ်လို့ သိရပါတယ်။

Specs တွေအနေနဲ့ကတော့ Redmi K30i မှာ Qualcomm Snapdragon 765G 5G Chipset ကိုအသုံးပြုလာမှာဖြစ်ပြီး Battery အနေနဲ့လည်း 4500mAh Battery နဲ့ 30W Fast Charging ကို Support ပြုလုပ်မှာပါ။ ဒါတင်မဟုတ်သေးဘဲ Single Punch-hole ပါဝင်တဲ့ LCD Display အပြင် နောက်ဆုံးထွက်ရှိထားတဲ့သတင်းအရ 120Hz Refresh Rate ကိုပါ Support ပြုလုပ်နိုင်ဦးမယ်လို့ သိရပါတယ်။

ဒါပေမယ့် Redmi K30i စမတ်ဖုန်းဟာ Camera ပိုင်းမှာတော့ Redmi K30 နဲ့တူညီတော့မှာမဟုတ်ဘဲ K30 ရဲ့ 64MP Quad Camera Setup အစား 48MP Triple Camera Setup ကိုပဲထည့်သွင်းထားမှာဖြစ်ပါတယ်။ Selfie Camera ကိုလည်း Dual Punch-hole Sensor အစား Single Punch-hole Sensor ပဲပါဝင်မှာပါ။ အဲ့ဒီအတွက် Redmi K30i က အဓိကအနေနဲ့ Camera ပိုင်းကိုပဲ လျော့ထားတယ်လို့ ပြောရမှာပါ။

Ref – Giz China